OJEIC ၏ ပံ့ပိုးကူညီမှုဖြင့် MAJA EJU Exam Preparation Class ကို အောက်ပါအတိုင်း ဖွင့်လှစ် သွားပါ မည်။
သင်တန်းကာလ
- ၂၀၂၂ခုနှစ် မေလ ၂ ရက် မှ အောက်တိုဘာ ၃၁ ရက်
သင်ကြားမည့် ဘာသာရပ်များ
- Japanese, Maths, Physics, Chemistry, Biology, Japan and the World
သင်ကြားမည့် ပုံစံ
- Zoom Online Class
သင်တန်းကြေး
- တစ်ဘာသာလျှင် ၁ သိန်း ၅ သောင်းကျပ် (၆ လတာအတွက် အပြီးအစီး)
EJU Exam နှင့် ယခုသင်တန်းတို့နှင့်ပတ်သတ်ပြီး အောက်ပါ Seminar တွင် အသေးစိတ် နားထောင်နိုင် ပါသည်။
EJU စာမေးပွဲသည် ဂျပန်နိုင်ငံတွင် အထက်တန်းကျောင်းပညာရေး အဆင့်ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ တက္ကသိုလ် ဒုတိယနှစ် (သို့) GCE A Level အဆင့်ရှိသူများသာ တက်ရောက်ရန်လျှောက်ထားနိုင်ပါမည်။
လျှောက်ထားလိုသူများ အနေနှင့် အောက်ပါ အချက်အလက်များအား ပြင်ဆင်ရန် လိုအပ်ပါသည်။
1. အထက်တန်း အောင်လက်မှတ် နှင့် အမှတ်စာရင်း။
2. တက္ကသိုလ်တက်ရောက်ဆဲ ဖြစ်ပါက နောက်ဆုံးတက်ရောက်ခဲ့သော ပညာသင်နှစ်၏ အမှတ်စာရင်း။
(၁၀ တန်းစာမေးပွဲတွင် ထူးချွန်စွာဖြင့် အောင်မြင်ထားပြီး သင်တန်းတက်ရောက်ရန် သင်တန်းကြေး အခက်အခဲ ရှိသူများ သင်တန်းကြေး ကင်းလွတ်ခွင့်အား လျှောက်ထားနိုင်ပါမည်။ လျှောက်ထားသူဉီးရေပေါ်မူတည်၍ အင်တာဗြူးပြုလုပ်ရွေးချယ်ခြင်းရှိနိုင်ပါသည်။)
Japan as a Foreign Language နှင့် Japan and the World ဘာသာရပ်တို့သည် ဂျပန်ဘာသာသင်ရိုးဖြင့်သာ သင်ကြားမည် ဖြစ်ပါသောကြောင့် လျှောက်ထားသူများသည် ဂျပန်စာအရည်အချင်း N2 LEVEL သို့မဟုတ် N2 LEVEL အထက်ရှိရန် လိုအပ်ပါသည်။
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် အောက်ပါ Link တွင် စာရင်းပေးသွင်းနိုင်ပါသည်။
စာရင်းပေးသွင်းရမည့် ကာလ - ၅.၄.၂၀၂၂ မှ ၁၈.၄.၂၀၂၂
၀င်ရောက်လျှောက်ထားရန် - https://forms.gle/b5PJsa6ZLmHuHw4r8
ထိရောက်သော သင်ကြားမှုများကို ပြုလုပ်နိုင်ရန် ဘာသာရပ်တခုတွင် သင်တန်းသား/သူ (၃၀)ဉီးသား သတ်မှတ်ထားပါသည်။ လျှောက်ထားသူအရေအတွက် (၃၀)ဉီးထက်ကျော်လွန်ပါက စာရင်းပေး သွင်းထားသည့် ပညာအရည်အချင်းအချက်အလက်များပေါ်တွင် စိစစ်ရွေးချယ်လက်ခံသွားမည်ဖြစ်ပါသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများကို ၄လပိုင်း၂၆ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ် အကြောင်းကြား သွားမည် ဖြစ်ပါသည်။
ဆက်သွယ်ရန်-
ဖုန်း - 09 428 613 848
လိပ်စာ - အမှတ် ၃၁၅ အေ၊ သစ္စာလမ်းမ၊ တောင်ဉက္ကလာပမြို့နယ်၊ ရန်ကုန်။ (ပုဏ္ဏမီ မှတ်တိုင်အနီး)
Posted Under by: Exam | EJU
04-Apr-2022