ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ TOP – J Exam နှင့်ပတ်သတ်ပြီး ရှင်းလင်းပွဲအား အောက်ပါအတိုင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။
TOP-J နှင့် ပတ်သက်၍
TOP-J သည် ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားပြီး၊ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE မှ ကျင်းပပြုလုပ်သော ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် MAJA မှ ကြီးမှူး၍ တစ်နှစ်လျှင် (၆) ကြိမ်ခန့် ကျင်းပလျှက် ရှိပါသည်။
အဓိကအသုံးချနိုင်သည့် ရည်ရွယ်ချက်များမှာ -
(၁) ဂျပန်ဘာသာစကားစွမ်းရည်ကိုစစ်ဆေးရန်။
(၂) တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်။
(၃) ပညာသင်ဆုလျှောက်ထားရန် လိုအပ်ချက်တောင်းဆိုသည့်အခါ။
(၄) အလုပ်အကိုင်လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဂျပန်ဘာသာအရည်အချင်း အသိအမှတ်ပြုစာမေးပွဲ အောင်လက်မှတ်တောင်းဆိုသည့်အခါ - စသည့်ရည်ရွယ်ချက်များအတွက် အသုံးပြုဖြေဆိုနိုင်ပါသည်။
ရှင်းလင်းပွဲတွင် ပြောကြားမည့်အကြောင်းအရာများမှာ-
(၁) စာမေးပွဲလျှောက်လွှာတင်ရန် လိုအပ်ချက်များ။
(၂) ကျင်းပမည့်ပုံစံ။
(၃) အသုံးချနိုင်သော ရည်ရွယ်ချက်များ။
(၄) Top J exam ၏အားသာချက်များ။
(၅) အမှတ်ပေးစည်းမျဉ်းများ။
(၆) အောင်စာရင်းကြည့်နည်းများ။
အမေးအဖြေအစီအစဥ်များလည်း ပါဝင်မည်ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူ၊ မည်သူမဆို စာရင်းပေးသွင်း တက်ရောက်နိုင်ပါသည်။
လူဦးရေသတ်မှတ်ထားပါသောကြောင့် အမှန်တကယ်တက်ရောက်လိုသူများ၊ အမှန်တကယ် တက်ရောက်ရန် လိုအပ်သောသူများသာ အောက်ပါ Google Form ကို ၁၉.၄.၂၀၂၂ ညနေ ၄း၀၀ နာရီ နောက်ဆုံးထား စာရင်းပေးပါရန် မေတ္တာရပ်ခံပါသည်။
တက်ရောက်ရန်စာရင်းပေးသွင်းရမည့် Link >>> https://forms.gle/hHvixWQ98cYsrFPt5
ကျင်းပမည့်နေ့ - ဧပြီလ(၂၀)ရက်၊ ၂၀၂၂ခုနှစ်
ကျင်းပမည့်အချိန် - မနက် (၁၀:၀၀) နာရီ မှ (၁၁:၀၀)နာရီ အထိ
ကျင်းပမည့်ပုံစံ - Online (Zoom Application)
ဆွေးနွေးပွဲတွင်တက်ရောက်လိုသူများသည် Zoom Application ကို Download ပြုလုပ်ထားရန် လိုအပ်ပါသည်။ တက်ရောက်ရန် စာရင်းပေးသွင်းထားသူများအား Registration Form တွင် ဖြည့်ထားသော Email မှတဆင့် zoom link အားပေးပို့သွားမည်ဖြစ်ပါသည်။
စာမေးပွဲကျင်းပရေးကော်မတီ
MAJA
Posted Under by: Exam | TOP-J
18-Apr-2022