OJEIC ၏ ပံ့ပိုးကူညီမှုဖြင့် MAJA EJU Exam Preparation Class ကို အောက်ပါအတိုင်း ဖွင့်လှစ်သွားပါမည်။
သင်တန်းကာလ
-၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၅ ရက် မှ ၂၀၂၃ခုနှစ် မေလ ၃၁ ရက်အထိ။
သင်ကြားမည့် ဘာသာရပ်များ
- Japanese, Maths, Physics, Chemistry, Biology, Japan and the World
သင်ကြားမည့် ပုံစံ
In Person နှင့် Zoom online
- In Person Class
( Japanese,Maths,Physics,Chemistry,Japan and the world )
သင်တန်းကြေး ( In Person Class )
( Japanese, Maths , Physics , Chemistry , Japan and the world )
- တစ်ဘာသာလျှင် ၂ သိန်းကျပ် + Material Fees
(၆ လတာအတွက် အပြီးအစီး)
- Zoom Online Class
(Japanese,Biology )
သင်တန်းကြေး ( Zoom Online Class )
( Japanese, Biology )
- တစ်ဘာသာလျှင် ၁ သိန်း ၅ သောင်းကျပ်
(၆ လတာအတွက် အပြီးအစီး)
EJU Exam နှင့် ယခုသင်တန်းတို့နှင့်ပတ်သတ်ပြီး အောက်ပါ Seminar တွင် အသေးစိတ်နားထောင်နိုင်ပါသည်။
EJU စာမေးပွဲသည် ဂျပန်နိုင်ငံတွင် အထက်တန်းကျောင်းပညာရေး အဆင့်ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ တက္ကသိုလ် ဒုတိယနှစ် (သို့) GCE A Level အဆင့်ရှိသူများသာ တက်ရောက်ရန်လျှောက်ထားနိုင်ပါမည်။
Japan as a Foreign Language နှင့် Japan and the World ဘာသာရပ်တို့သည် ဂျပန်ဘာသာသင်ရိုးဖြင့်သာ သင်ကြားမည် ဖြစ်ပါသောကြောင့် လျှောက်ထားသူများသည် ဂျပန်စာအရည်အချင်း N2 LEVEL သို့မဟုတ် N2 LEVEL အထက်ရှိရန် လိုအပ်ပါသည်။
၁၀ တန်းစာမေးပွဲတွင် ထူးချွန်စွာဖြင့် အောင်မြင်ထားပြီး သင်တန်းတက်ရောက်ရန် သင်တန်းကြေး အခက်အခဲ ရှိသူများ သင်တန်းကြေး ကင်းလွတ်ခွင့်အား လျှောက်ထားနိုင်ပါမည်။(လျှောက်ထားသူဉီးရေပေါ်မူတည်၍ အင်တာဗျူးပြုလုပ်ရွေးချယ်ခြင်းရှိနိုင်ပါသည်။)
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် အောက်ပါ Link တွင် စာရင်းပေးသွင်းနိုင်ပါသည်။
စာရင်းပေးသွင်းရမည့် ကာလ - ၂၇.၉.၂၀၂၂ မှ ၇.၁၀.၂၀၂၂
၀င်ရောက်လျှောက်ထားရန် -
https://forms.gle/uZtxeQVov7TFEGug8
ထိရောက်သော သင်ကြားမှုများကို ပြုလုပ်နိုင်ရန် ဘာသာရပ်တခုတွင် သင်တန်းသား/သူ (၄၀)ဉီးသာ သတ်မှတ်ထားပါသည်။ လျှောက်ထားသူအရေအတွက် (၄၀)ဉီးထက်ကျော်လွန်ပါက စာရင်းပေးသွင်းထားသည့် ပညာအရည်အချင်းအချက်အလက်များပေါ်တွင် စိစစ်ရွေးချယ်လက်ခံသွားမည်ဖြစ်ပါသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများကို ၁၀ လပိုင်း ၂၄ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်အကြောင်းကြားသွားမည် ဖြစ်ပါသည်။
(2023 အတွက် ပိုစတာအသစ်ထွက်ရှိသည့် အချိန်တွင် 2023 စာမေးပွဲရက်များအား ကြေငြာပေးပါမည်။)
ဆက်သွယ်ရန်-
ဖုန်း - 09 428 613 848
လိပ်စာ - အမှတ် ၊၆၈၂/၆၈၃ (က)ဒုတိယထပ် ၊
သစ္စာလမ်းမ၊ တောင်ဉက္ကလာပမြို့နယ်၊ ရန်ကုန်။
(ပုဏ္ဏမီ မှတ်တိုင်အနီး)
Posted Under by: Exam | EJU
27-Sep-2022