Myanmar Association of Japan Alumni ( MAJA )

 EJU Exam Practice Class တက်ရောက်ခွင့် ရရှိသူများစာရင်းကြေငြာခြင်း။


EJU Exam Practice Class အတွက် တက်ရောက်ရန် စာရင်းပေးလျှောက်ထားသူများထဲမှ ဘာသာရပ်အလိုက် အောက်ဖော်ပြပါ သင်တန်းသားဦးရေ အတိုင်း လက်ခံသွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

တက်ရောက်ခွင့်ရရှိသူ စာရင်းမှာ ပူးတွဲဖော်ပြပါအတိုင်းဖြစ်ပါသည်။

ပညာသင်ဆုလျှောက်ထားသူများအား MAJA မှ သတ်မှတ်ထားသော စံနှုန်းများဖြစ်သည့် ပညာအရည်အချင်း၊ ပညာသင်ထောက်ပံ့မှု လိုအပ်ချက်၊ စိတ်အားထက်သန်မှုများပေါ်တွင် အခြေခံ၍ ရွေးချယ်ထားခြင်းဖြစ်ပါသည်။

သင်တန်းစတင်မည့်ရက်မှာ ပူးတွဲပါ ဇယားအတိုင်းဖြစ်ပြီး၊ Zoom Group ဖြင့်တက်ရောက်မည့် သင်တန်းသား/သူ များအနေဖြင့် ကိုယ်ပိုင် ZOOM Account အား ကြိုတင်ဖွင့်လှစ်ထားကြရန် အသိပေးအပ် ပါသည်။

သင်တန်းအပ်နှံခြင်းအတွက် Viber/ Email ဖြင့်ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ပါသည်။

MAJA

၀၉-၄၂၈၆၁၃၈၄၈

Posted Under by: Exam | EJU

20-Nov-2023
1. ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲ ရလဒ် အကြောင်းပြန်ကြားခြင်းနှင့် ပတ်သက်၍ 2. ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲလျှောက်လွှာလက်ခံခြင်းနှင့်ပတ်သက်၍
visitors :      180,612