Myanmar Association of Japan Alumni ( MAJA )

 Application Announcement for MEXT Scholarship 2025 (Research Students Program)


ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology (MEXT) မှ 2025 ခုနှစ် ပညာသင်နှစ်အတွက် ပေးအပ်မည့် Research Students Scholarship Program အတွက် ဧပြီလ ( ) ရက်နေ့မှ စတင်၍ စာရင်းသွင်းနိုင်ပြီး၊ ဧပြီလ ( ၂၃ ) ရက်နေ့မှ လျှောက်လွှာစာရွက်စာတမ်းများကို စတင်လက်ခံမည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

(Undergraduate Students Program, College of Technology Students Program, Specialized Training College Students Program များအတွက် လျှောက်လွှာလက်ခံခြင်းအားလည်း MEXT မှ အကြောင်းကြားစာ ရောက်ရှိလာချိန်တွင် ထပ်မံကြေငြာပေးသွားပါမည်။)

(က) လျှောက်လွှာပုံစံများ၊ အရည်အချင်းသတ်မှတ်ချက်များနှင့် လိုအပ်ချက်များအပါအ၀င် အသေးစိတ် အချက်အလက်များကို အောက်ပါ link တွင် download ရယူပြီး ကြည့်ရှုလေ့လာလျှောက်ထားနိုင်ပါသည်။

https://www.studyinjapan.go.jp/.../smap-stopj...

***

() ပြည်တွင်း/ပြည်ပ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ ယခု Scholarship Program ကို အောက်ဖေါ်ပြပါ အစီအစဥ်အတိုင်း လျှောက်ထားနိုင်ပါသည်။ MEXT မှ သတ်မှတ်ထားသော Guidelines အရ လက်ရှိမြန်မာနိုင်ငံ တွင် နေထိုင်သူများသာ လျှောက်ထားနိုင်ပါသည်။

၁။ လျှောက်လွှာလက်ခံရက်

စာရင်းသွင်းခြင်း (Google Form) - April 2nd 2024 မှ April 23rd 2024 အတွင်း

(၂၃ ရက်နေ့ ညနေ ၄း၀၀ နာရီ အထိသာ)

လျှောက်လွှာစာရွက်စာတမ်းများ ပေးပို့တင်သွင်းခြင်း - April 23rd 2024 မှ April 30th 2024 အတွင်း

(၃၀ ရက်နေ့ ညနေ ၄း၀၀ နာရီ အထိသာ)

(April 2nd 2024 မှ April 23rd 2024 အတွင်း Google Form တွင် စာရင်းသွင်းထားခြင်းမရှိပါက လျှောက်လွှာ စာရွက်စာတမ်းများအား လက်ခံမည်မဟုတ်ပါ။)

၂။ လျှောက်ထားရမည့်နည်းလမ်း

(-) Google Form တွင် စာရင်းသွင်းခြင်း - သတ်မှတ်ရက်နှင့်အချိန်အတွင်း အောက်ဖေါ်ြပပါ Google Form တွင် အချက်အလက်များကို ဖြည့်သွင်းပြီး စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။

for Research Student Program

https://forms.gle/EJ3XyWtGxJ1HoBic7

(-) လျှောက်လွှာစာရွက်စာတမ်းများပေးပို့ခြင်း - ဂျပန်နိုင်ငံ၏ MEXT (Ministry of Education, Culture, Sports, Science and Technology) မှ သတ်မှတ်ထားသောလျှောက်လွှာနှင့် ပညာအရည်အချင်းနှင့် ပတ်သက်သည့် အောက်ဖော်ပြပါစာရွက်စာတမ်းများအား MAJA ရုံးခန်းသို့ လူကိုယ်တိုင်/ကိုယ်စားဖြစ်စေ၊ စာတိုက်/ အမြန်ချောပို့ များမှတဆင့်ဖြစ်စေ April 30th 2024 ညနေ ၄း၀၀ နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။

1. Application Form

(အပိုဒ်-က ပါ link တွင် ဝင်ရောက် download ရယူ၍ လက်ရေးဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်

ဖြစ်စေ ပြည့်စုံစွာ ဖြည့်စွက်၍ ပေးပို့ရမည်။)

2. Academic Transcript for all academic year of university attended

(မိမိနောက်ဆုံးရရှိခဲ့သည့် Bachelor Degree သို့မဟုတ် Master Degree အတွက် တက်ရောက်ခဲ့ သော စာသင်နှစ်အားလုံး၏ အမှတ်စာရင်းမိတ္တူများ တင်ပြရမည်။)

3. Certificate of Graduation

(မိမိနောက်ဆုံးရရှိခဲ့သည့် Bachelor Degree သို့မဟုတ် Master Degree ဘွဲ့လက်မှတ်မိတ္တူကို တင်ပြရမည်။)

4. Research Plan

(အပိုဒ်-က ပါ link တွင် Research Plan Format အား ဝင်ရောက် download ရယူ၍ ကွန်ပျူတာဖြင့် စာစီရေးသားရပါမည်။ Format တွင် ပါဝင်သည့် Guidelines နှင့်အညီ ရေးသား ရပါမည်။ ရေးဖြေစာမေးပွဲအား အကဲဖြတ်သည့်အချိန်တွင် Research Plan အားလည်း ပူးတွဲ အကဲဖြတ် အမှတ်ပေးသွားမည်ဖြစ်သည်။)

5. Screenshot Proof of Application

(April 2nd 2024 မှ April 23rd 2024 အတွင်း Google Form တွင် စာရင်းသွင်းပြီးပါက လျှောက်ထားသူ၏ email သို့ အလိုအလျောက်ဝင်လာမည့် response email အား screenshot ရိုက်ယူ၍ print ထုတ်ပြီး ပူးတွဲတင်ပြရမည်။)

ပေးပို့ရမည့် လိပ်စာ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

အမှတ် 2B(4) နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

စာတိုက်/ အမြန်ချောပို့များဖြင့် ပေးပို့လိုပါကညနေ ၄း၀၀ နာရီ မတိုင်ခင် ပို့ပေးပါရန်ဟု မှတ်ချက် ထည့်ပေးရန်။

(MAJA နောက်ဆုံးအဆင့် အောင်မြင်သောအခါတွင် တင်ပြထားသော စာရွက်စာတမ်းများ၏ မူရင်းများကို MAJA ရုံးသို့ လာရောက်ပြသပေးရမည် ဖြစ်သည်။)

***

() MAJA မှ အောက်ဖေါ်ပြပါ အဆင့်များဖြင့် ပဏာမရွေးချယ်သွားပါမည်။

() လျှောက်လွှာနှင့် ပညာအရည်အချင်းအထောက်အထားများကို စိစစ်ခြင်း။

(သတ်မှတ်ချက်နှင့် ပြည့်စုံသော လျှောက်ထားသူများအား ရေးဖြေစာမေးပွဲဖြေဆိုရန်

ဖြေဆိုခွင့်ရရှိသူစာရင်းကို May 6 th2024 တွင်ကြေငြာသွားပါမည်။)

() ရေးဖြေစာမေးပွဲဖြင့်အကဲဖြတ်ခြင်း။

(English Language and Basic Japanese) or (Japanese Language N2 Level)

() ရေးဖြေစာမေးပွဲ ကျင်းပမည့်ရက် - May 11th 2024 (Saturday)

***

() ပဏာမအဆင့်အောင်မြင်သူများကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဆက်လက်စစ်ဆေးရွေးချယ်ခြင်းများ ပြုလုပ်မည် ဖြစ်ပါသည်။

***

() စာမေးပွဲကျင်းပမည့်အစီအစဉ်အသေးစိတ်အား စာမေးပွဲဖြေဆိုခွင့်ရရှိသူများထံ မေလ ရက်နေ့နှင့် ရက်နေ့ များတွင် Email ဖြင့် ပေးပို့သွားမည် ဖြစ်ပါသည်။

***

() MEXT Scholarship 2025 အတွက် လျှောက်ထားသူများ/ ရွေးချယ်ခံရသူများအနေဖြင့်လည်း Covid – 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ၏ အခြေအနေများပေါ်မူတည်၍ ပြောင်းလဲမှုများ ရှိလာနိုင်သည်ကိုလည်း ကြိုတင် အသိပေးအပ်ပါသည်။

***

() အသေးစိတ်သိရှိလိုပါက MAJA ရုံးခန်း၏ တယ်လီဖုန်းအမှတ်များဖြစ်သည့် ၀၁ - ၇၅၇၁၀၁၅ (Ext: )

၀၉ - ၂၆၂၆၀၂၁၂၁ ၀၉ - ၄၂၈၆၁၂၁၅၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

MAJA

Posted Under by: Awards | MEXT

02-Apr-2024
2024 October Intake Language School လျှောက်ထားလိုသူများ အတွက် သတင်းကောင်း Please see MEC.
visitors :      152,715