KOSEN (National College of Technology) Seminar: 2024 May 8th (Wed) MEXT Scholarship မှလည်း လျှောက်ထားနိုင်ပြီး၊ ဂျပန်နိုင်ငံတွင် အင်ဂျင်နီယာ ဘာသာရပ် သင်ယူလိုသူများ အနေဖြင့် တက်ရောက် လေ့လာနိုင်ပါသည်။
KOSEN (高等専門学校) College of Technology
ဒီနေ့မှာတော့ KOSEN လို့ခေါ်တဲ့ ဂျပန်နိုင်ငံရဲ့ နည်းပညာကောလိပ်ကျောင်းတွေအကြောင်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
KOSEN ကို Embassy Recommendation MEXT Scholarship【မိမိနိုင်ငံရှိ ဂျပန်သံရုံးထောက်ခံချက်နဲ့ လျှောက်ရတဲ့ဂျပန်အစိုးရပညာသင်ဆု 】နဲ့လျှောက်ထားနိုင်သလို မိမိဘာသာကျောင်းကို တိုက်ရိုက်လျှောက်ထားလို့ရတဲ့ အကြောင်းကိုရော သိကြပါသလား?
KOSEN ဆိုကဘာလဲ?
KOSEN ဆိုတာ (Colleges of Technology) နည်းပညာကောလိပ်ကျောင်းတွေကိုခေါ်ဆိုပြီး ဂျပန်နိုင်ငံရဲ့ တစ်မူထူးခြားတဲ့ အဆင့်မြင့်ပညာရေး လမ်းကြောင်းပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွင် အလယ်တန်းအောင်မြင်ပြီးနောက် အထက်တန်းကျောင်းကို ဆက်လက်မတက်ရောက်ဘဲ KOSEN မှာ ၅နှစ်တာပညာရေးကို သင်ကြားနိုင်ပါတယ်။ နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ကတော့ မိမိနိုင်ငံရဲ့ အထက်တန်းအောင်မြင်ပြီးနောက် KOSEN (တတိယနှစ်)သို့ တက်ရောက်နိုင်ပြီး ၃နှစ်ကြာသင်ယူပြီး ဘွဲ့ရနိုင်ပါတယ်။ ဘာသာရပ်တွေကတော့ ဂျပန်ဘာသာနဲ့သာ သင်ကြားရမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံတစ်ဝှမ်းမှာ နိုင်ငံပိုင် နည်းပညာကောလိပ် (၅၁) ကျောင်းနဲ့ ကျောင်းခွဲပေါင်း (၅၅) ကျောင်း ရှိပါတယ်။ ကျောင်းတိုင်းမှာ နိုင်ငံတကာကျောင်းသား၊ကျောင်းသူ တွေအတွက် အဆောင်တွေလည်းရှိပါတယ်။ ဒါ့အပြင် နည်းပညာကောလိပ် (KOSEN) တွေမှာဆိုရင် ကျောင်းလခသက်သာပြီး ပညာသင်ထောက်ပံ့ကြေးတွေလည်း ရရှိနိုင်ပါတယ်။
ဘာသာရပ်တွေအနေနဲ့ကတော့-
Mechanical and Material Engineering
Electrical and Electronic Engineering
Information Technology
Biological and Chemical Engineering
Civil and Architectural Engineering
Maritime Technology
Departments Matching with Social Demands
Integrated Course တို့ပါဝင်ပါတယ်။
ကျောင်းလခ တွေကတော့-
Admission Fee: 84,600 JPY (Approximately 580 USD * depending on exchange rate)
Tuition Fee: 234,600 JPY (Approximately 1600USD)
တတိယနှစ်မှ ဘွဲ့ရသည်အထိ - 585,000 JPY (Approximately 4000USD)
လျှောက်ထားရန် အခြေခံလိုအပ်ချက်တွေကတော့
1.အထက်တန်းအောင်မြင်ထားရန် (သို့) အတန်းပညာ ၁၁ နှစ်ရှိထားရန်။
2.TOEFL, IELTS, TOEIC စတဲ့ အင်္ဂလိပ်စာအရည်အချင်းစာမေးပွဲတစ်ခုခု ဖြေဆိုထားရန်။
3.EJU (ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ) ရဲ့Japanese as a foreign Language(JFL), Math2, Science (2 subjects)ဖြေဆိုထားရန်။
*EJU စာမေးပွဲကို ဂျပန်ဘာသာနဲ့ ဖြေဆိုရန် လိုအပ်ပါတယ်။
Application period: Early December
Interview: Early January
Result: Mid-February
Intake : April
လျှောက်ထားလိုသူတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါ Link ကတစ်ဆင့် လေ့လာကြည့်ရှု့နိုင်ပါတယ်။
Home Page: https://www.kosen-k.go.jp/en/
Admission: https://www.kosen-k.go.jp/exam/admissions/hennyugaku3.html
ဂျပန်နိုင်ငံရဲ့ နည်းပညာကောလိပ် (KOSEN) တွေကို စိတ်ပါဝင်စားသူတွေအနေနဲ့ May လ 8 ရက်နေ့မှာ ကျင်းပပြုလုပ်ပေးသွားမဲ့ ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်ကြည့်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပညာတော်သင် ဆွေးနွေးပွဲမှာဆိုရင် နိုင်ငံပိုင်နည်းပညာကောလိပ် (KOSEN) က Guest Speaker အနေနဲ့ပါဝင်သွားမှာ ဖြစ်တာကြောင့် အခုပဲအခမဲ့ စာရင်းပေးသွင်း ပါဝင်လိုက်ကြရအောင်။
Registration link : https://forms.gle/YhBhsK6Y5xXTyg7x5
Posted Under by: Awards | MEXT
04-May-2024