Myanmar Association of Japan Alumni ( MAJA )

 ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology ( MEXT ) မှ 2025 ပညာသင်နှစ်အတွက် ပေးအပ်မည့် Scholarship Program များ


ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology ( MEXT ) မှ 2025 ပညာသင်နှစ်အတွက် ပေးအပ်မည့် Scholarship Program များအတွက် April 23, 2024 မှ April 30, 2024 အတွင်း လျှောက်ထားခဲ့သော လျှောက်လွှာများအား သတ်မှတ်ထားသော အသက်၊ ပညာအရည်အချင်း စသည့်အချက်များ ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီး Research Students Program အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများကို ကြေငြာအပ်ပါသည်။

**မှတ်ချက် () အမည်များကို အင်္ဂလိပ်အက္ခရာစဥ်အလိုက် ဖေါ်ပြထားပါသည်။

**မှတ်ချက် () အမည်တူများ ရှိနိုင်ပါသဖြင့် မွေးသက္ကရာဇ်အား ပူးတွဲဖေါ်ပြထားပါသည်။

၂။ Scholarship Program များအတွက် သက်ဆိုင်ရာရေးဖြေစာမေးပွဲဖြင့် အကဲဖြတ်ရန်အတွက် Zoom Application ကို အသုံးပြု၍ Online စာမေးပွဲကို ပူးတွဲပါအစီအစဉ်အတိုင်းကျင်းပပါမည်။

၃။ လျှောက်ထားသူများသည် English သို့မဟုတ် Japanese Advanced မှ မိမိနှစ်သက်ရာ ဘာသာတစ်ခု အား ရွေးချယ် ဖြေဆိုခွင့် ရှိပါသည်။

၄။ English နှင့် Japanese Advanced မှာ တစ်ချိန်တည်းတွင် ဖြေဆိုရမည် ဖြစ်သည့်အတွက် Zoom Link ခွဲ၍ ပေးပို့မည် ဖြစ်ပါသောကြောင့်၊ ကျောင်းသား/သူများအနေဖြင့် မည်သည့်ဘာသာ ရွေးချယ်ဖြေဆိုဖြစ်ကြောင်း အမည်၊ မွေးသက္ကရာဇ်နှင့် ဖြေဆိုမည့်ဘာသာအား ရေးသားကာ [email protected] သို့ May 8, 2024 နောက်ဆုံးထား၍ Email ပေးပို့ရန် လိုအပ်ပါသည်။

၅။ MAJA’s Recommendation အတွက် ရွေးချယ်မှုသည် စာမေးပွဲရလဒ်နှင့် Application Form ပါ Research Plan အပေါ်တွင် အခြေခံကာ အကဲဖြတ် အမှတ်ပေးသွားမည် ဖြစ်ပါသည်။

၆။ စာမေးပွဲနှင့်ပတ်သက်သောစည်းကမ်းချက်များကို Google Form တင်စဉ်က ဖြည့်သွင်းထားသည့် Email သို့ May 7, 2024 နေ့တွင် ပေးပို့မည်ဖြစ်ပါသည်။ မေလ () ရက်နေ့ ညနေ ၄း၀၀ နာရီ အထိ မည်သည့် Email မျှလက်ခံမရရှိပါက ရုံးသို့ ဖုန်းဆက်၍ ဖြစ်စေ၊ Viber မှ စာပို့၍ ဖြစ်စေ အကြောင်းကြားပေးရန် လိုပါသည်။

၇။ ယခုလက်ရှိ ဖြစ်ပေါ်နေသောအခြေအနေပေါ်မူတည်၍ စာမေးပွဲအစီအစဉ်များ အပြောင်းအလဲ ရှိနိုင်သည်ကို နားလည်ပေးပါရန် ကြိုတင်အသိပေးအပ်ပါသည်။

Posted Under by: Awards | MEXT

07-May-2024
၂၀၂၅ ခုနှစ်၊ မေလ တွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သက်၍
visitors :      187,890