Myanmar Association of Japan Alumni ( MAJA )

 MEXT 2025 Undergraduate/ College of Technology/ Specialized Training Students Program များအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း ကြေငြာခြင်း


၁။ ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology ( MEXT ) မှ 2025 ပညာသင်နှစ်အတွက် ပေးအပ်မည့် Scholarship Program များအတွက် April 23, 2024 မှ May 11, 2024 အတွင်း လျှောက်ထားခဲ့သောလျှောက်လွှာများအား သတ်မှတ်ထားသော အသက်၊ ပညာအရည်အချင်း စသည့် အချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီး ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများကို Program တစ်ခုချင်းစီ အတွက် ကြေငြာအပ်ပါသည်။

**မှတ်ချက် () အမည်များကို အင်္ဂလိပ်အက္ခရာစဥ်အလိုက် ဖေါ်ပြထားပါသည်။

**မှတ်ချက် () အမည်တူများ ရှိနိုင်ပါသဖြင့် မွေးသက္ကရာဇ်အား ပူးတွဲဖော်ပြထားပါသည်။

၂။ Scholarship Program များအတွက် သက်ဆိုင်ရာရေးဖြေစာမေးပွဲဖြင့် အကဲဖြတ်ရန်အတွက် Zoom Application ကိုအသုံးပြု၍ Online စာမေးပွဲကို ပူးတွဲပါအစီအစဉ်အတိုင်းကျင်းပပါမည်။

၃။ Mathematics A and B အား မိမိလျှောက်ထားသည့် Scholarship Program ပေါ်မူတည်၍ တစ်ခုသာ ဖြေဆိုရန် လိုအပ်ပြီး၊ Japanese Basic အား ကျောင်းသား/သူတိုင်း ဖြေဆိုရမည် ဖြစ်သည်။

၄။ စာမေးပွဲနှင့်ပတ်သက်သော စည်းကမ်းချက်များနှင့် စာမေးပွဲဖြေဆိုရာတွင်အသုံးပြုမည့် Zoom Link များကို Google Form တင်စဉ်က ဖြည့်သွင်းထားသည့် Email သို့ May 15, 2024 နေ့တွင် ပေးပို့မည်ဖြစ်ပါသည်။

၅။ ယခုလက်ရှိဖြစ်ပေါ်နေသောအခြေအနေများပေါ် မူတည်၍ စာမေးပွဲအစီအစဉ်များ အပြောင်းအလဲရှိနိုင်သည်ကို နားလည်ပေးပါရန် ကြိုတင်အသိပေးအပ်ပါသည်။

Posted Under by: Awards | MEXT

15-May-2024
(1) ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃)ရက် JLPT - အမှားပြင်ဆင်ရန်တင်ထားသည့် အောင်လက်မှတ်များ ထုတ်ယူခြင်းနှင့် ပတ်သက်၍ (နောက်ဆုံးအသုတ်) (2) အကြိမ် (၂၀)မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ၂၀၂၅ ခုနှစ်
visitors :      175,232