Myanmar Association of Japan Alumni ( MAJA )

 ၂၀၂၄ခုနှစ် ဇူလိုင်လတွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သတ်၍


၂၀၂၄ခုနှစ်၊ဇူလိုင်လ(၁၄)ရက်နေ့တွင် ကျင်းပမည့် (Top-J) စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့်သူများ အောက်ဖော်ပြပါအတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်ရက်

- ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့ (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ

- ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေး

- ၅၀,၀၀၀ ကျပ်

၄။ ကျင်းပမည့်စာမေးပွဲအဆင့်

- Basic (N4+N5), Intermediate (N3+N2)

၅။ လျှောက်လွှာလက်ခံကာလ(ရန်ကုန်နှင့်မန္တလေး)

- ..၂၀၂၄ ရက်နေ့ မနက် ၁၀နာရီ မှ ၁၄..၂၀၂၄ ရက်နေ့ ညနေ ၄နာရီ အတွင်းလူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား လာရောက်လျှောက်ထားနိုင်ပါသည်။

၆။ လျှောက်ထားရန်လိပ်စာ -

MAJA Education Centre

(ရန်ကုန်)

အမှတ်(၆၈၂/၆၈၃) ဒုတိယထပ်၊ သစ္စာလမ်း၊()ရပ်ကွက်၊ ပုဏ္ဏမီ မှတ်တိုင်၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်မြို့။ 09-428 613 848

(မန္တလေး)

- MAJA Office (Mandalay Branch)

ပထမထပ်၊ တိုက် () အခန်း () ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေး။ 09- 255 162 533

၇။ လျှောက်ထားရန်လိုအပ်ချက်

- မှတ်ပုံတင်မိတ္တူ ()စောင်၊ x စင်တီမီတာ ဓါတ်ပုံ ၂ပုံ

TOP-J နှင့် ပတ်သက်၍

TOP-J သည် ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားပြီး၊ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE မှ ကျင်းပပြုလုပ်သော ဂျပန်ဘာသာအရည်အချင်းစစ် စာပေးပွဲတစ်ခု ဖြစ်ပါသည်။

အဓိကအသုံးချနိုင်သည့် ရည်ရွယ်ချက်များမှာ -

၁။ ဂျပန်ဘာသာစကားစွမ်းရည်ကိုစစ်ဆေးရန်။

၂။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်။

၃။ ပညာသင်ဆုလျှောက်ထားရန် လိုအပ်ချက်တောင်းဆိုသည့်အခါ။

၄။ အလုပ်အကိုင်လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဂျပန်ဘာသာအရည်အချင်း အသိအမှတ်ပြုစာမေးပွဲ အောင်လက်မှတ်တောင်းဆိုသည့်အခါ။ Website (ဂျပန်ဘာသာ) https://www.topj-test.org/

စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)

Posted Under by: Exam | TOP-J

28-May-2024
၂၀၂၅ ခုနှစ်၊ မေလ တွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သက်၍
visitors :      187,885