Myanmar Association of Japan Alumni ( MAJA )

 SUMITOMO Corporation နှင့် EJU Preparation 8th Batch အတန်းမှ ကျောင်းသား/သူများ တွေ့ဆုံခြင်း အခမ်းအနား


SUMITOMO Corporation Asia & Oceania မှ MAJA Education Centre ဂျပန်တက္ကသိုလ် ဝင်ခွင့်သင်တန်း(EJU Class)တွင် ပညာသင်ကြားနေကြသော ကျောင်းသား/သူ () ဦးအား ပညာသင်ဆု ပေးအပ်ခြင်းနှင့် သင်တန်းမှ ကျောင်းသား/သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။

အဆိုပါအခမ်းအနားအား SUMITOMO Corporation Asia & Ocenia မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မာဂျာအသင်း ဉက္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ မာဂျာပညာရေးစင်တာမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

ယခုကဲ့သို့ MAJA Education Centre မှ ကျောင်းသား/သူများအား ရွေးချယ်ကာ ပညာသင်ဆု ချီးမြှင့်ပေး ပါသော SUMITOMO Corporation Asia & Ocenia အား ကျေးဇူးတင်ပါကြောင်းနှင့် နောင်များတွင် လည်း ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များကို အစဉ်တစိုက် မွေးထုတ်ပေးသွားနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Posted Under by: Exam | EJU

23-Aug-2024
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲ ကျင်းပသည့်နေ့တွင် စာဖြေဌာနအချို့မှ ကောက်ယူ ရရှိထားသည့် ပစ္စည်းများ
visitors :      242,502