၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သက်၍
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ကျင်းပမည့် (Top-J) စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့်သူများ အောက်ဖော်ပြပါ လမ်းညွှန်အတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
-၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့
၂။ စာမေးပွဲကျင်းပမည့်နေရာ
- ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ စာမေးပွဲကြေး
- Level အားလုံးအတွက် ၅၀,၀၀၀ ကျပ်
၄။ ကျင်းပမည့်စာမေးပွဲအဆင့်
- Basic (N4+N5), Intermediate (N3+N2)
၅။ လျှောက်လွှာလက်ခံကာလ
- ၉.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် ၂ နာရီ မှ ၂၀.၁၂.၂၀၂၄ ရက်နေ့ နံနက် ၁၂ နာရီ အတွင်း
(ရန်ကုန်နှင့်မန္တလေး)
၆။ လျှောက်ထားရန်လိပ်စာ
- MAJA Education Centre
(ရန်ကုန်)
အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (တောင်ဥက္ကလာပတရားရုံးဘေးလမ်းကြားမှဝင်ရန်)
09 - 428 613 848
(မန္တလေး)
- MAJA Office (Mandalay Branch)
ပထမထပ်၊ တိုက် (၁)၊ အခန်း (၆)၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
09- 255 162 533
၇။ လျှောက်ထားရန်လိုအပ်ချက်
- မှတ်ပုံတင်မိတ္တူ (၁)စောင်၊ ၃x၄ စင်တီမီတာ ဓါတ်ပုံ ၂ပုံ
TOP-J နှင့် ပတ်သက်၍
TOP-J သည် ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားပြီး၊ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE မှ ကျင်းပပြုလုပ်သော ဂျပန်ဘာသာအရည်အချင်းစစ် စာပေးပွဲတစ်ခု ဖြစ်ပါသည်။
အဓိကအသုံးချနိုင်သည့် ရည်ရွယ်ချက်များမှာ -
၁။ ဂျပန်ဘာသာစကားစွမ်းရည်ကိုစစ်ဆေးရန်။
၂။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်။
၃။ ပညာသင်ဆုလျှောက်ထားရန် လိုအပ်ချက်တောင်းဆိုသည့်အခါ။
၄။ အလုပ်အကိုင်လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဂျပန်ဘာသာအရည်အချင်း အသိအမှတ်ပြုစာမေးပွဲ အောင်လက်မှတ်တောင်းဆိုသည့်အခါ။ Website (ဂျပန်ဘာသာ) https://www.topj-test.org/
စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
Posted Under by: Exam | TOP-J
14-Dec-2024