Myanmar Association of Japan Alumni ( MAJA )

 University of Tsukuba က တက္ကသိုလ်အကြောင်းနှင့် MEXT Scholarship အ​ကြောင်းကို မိတ်ဆက် ပေးမည့် ပညာတော်သင်ဆွေးနွေးပွဲ


ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ ဇန်နဝါရီလ၏ ပညာတော်သင်ဆွေးနွေးပွဲတွင် University of Tsukuba က တက္ကသိုလ်အကြောင်းကို မိတ်ဆက် ပေးမည့်အစီအစဉ်လည်းရှိပါသည်။ တက္ကသိုလ်၏ သတင်းအချက်အလက်များကို တိုက်ရိုက် ရယူနိုင်သည့် အခွင့်အရေးဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထား နိုင်ပါသည်။

နေ့ရက်နှင့်အချိန်။ ။ ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂နာရီ မှ ၄နာရီအထိ

ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)

စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://docs.google.com/.../1ufERNziCxugeYPf1tqDEl9A.../edit

ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ OJEIC, University of Tsukuba

Posted Under by: Awards | MEXT

29-Dec-2024
(1) ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃)ရက် JLPT - အမှားပြင်ဆင်ရန်တင်ထားသည့် အောင်လက်မှတ်များ ထုတ်ယူခြင်းနှင့် ပတ်သက်၍ (နောက်ဆုံးအသုတ်) (2) အကြိမ် (၂၀)မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ၂၀၂၅ ခုနှစ်
visitors :      175,234