Myanmar Association of Japan Alumni ( MAJA )

 ၂၀၂၅ ခုနှစ်၊ မတ်လ တွင်ကျင်းပမည့် (TOP-J) စာမေးပွဲ လျှောက်ထားခြင်းနှင့် ပတ်သက်၍


၂၀၂၅ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ကျင်းပမည့် (Top-J) စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့်သူများ အောက်ဖော်ပြပါ လမ်းညွှန်အတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်ရက်  
- ၂၀၂၅ ခုနှစ်၊ မတ်လ (၉) ရက်နေ့

၂။ စာမေးပွဲကျင်းပမည့်နေရာ  
- ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေး
- Level အားလုံးအတွက် (၇၂,၀၀၀) ကျပ်

၄။ ကျင်းပမည့် စာမေးပွဲအဆင့်
- Basic (N4+N5), Intermediate (N3+N2)

၅။ လျှောက်လွှာလက်ခံကာလ (ရန်ကုန်နှင့် မန္တလေး)
- “(၂၇.၁.၂၀၂၅) ရက်နေ့ နေ့လယ် ၁ နာရီ မှ (၁၀.၂.၂၀၂၅) ရက်နေ့ နေ့လယ် ၁၂ နာရီ အတွင်း” (စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ ပိတ်ပါသည်။)

၆။ လျှောက်ထားရန်လိပ်စာ
- MAJA Education Centre

  (ရန်ကုန်)                               
အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (တောင်ဥက္ကလာပတရားရုံးဘေးလမ်းကြားမှဝင်ရန်)
09 - 428 613 848

  (မန္တလေး)  
- MAJA Office (Mandalay Branch)
ပထမထပ်၊ တိုက် (၁)၊ အခန်း (၆)၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
09- 255 162 533

၇။ လျှောက်ထားရန်လိုအပ်ချက်  
- မှတ်ပုံတင်မိတ္တူ (၁) စောင်၊ ၃x၄ စင်တီမီတာ ဓါတ်ပုံ ၂ ပုံ  

TOP-J နှင့် ပတ်သက်၍ -
TOP-J သည် ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားပြီး၊ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE မှ ကျင်းပပြုလုပ်သော ဂျပန်ဘာသာအရည်အချင်းစစ် စာပေးပွဲတစ်ခု ဖြစ်ပါသည်။

အဓိကအသုံးချနိုင်သည့် ရည်ရွယ်ချက်များမှာ -
၁။ ဂျပန်ဘာသာစကားစွမ်းရည်ကိုစစ်ဆေးရန်။
၂။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်။
၃။ ပညာသင်ဆုလျှောက်ထားရန် လိုအပ်ချက်တောင်းဆိုသည့်အခါ။
၄။ အလုပ်အကိုင်လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဂျပန်ဘာသာအရည်အချင်း အသိအမှတ်ပြုစာမေးပွဲ အောင်လက်မှတ်တောင်းဆိုသည့်အခါ
Website (ဂျပန်ဘာသာ) : https://www.topj-test.org/

စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

Posted Under by: Exam | TOP-J

27-Jan-2025
1. ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲ ရလဒ် အကြောင်းပြန်ကြားခြင်းနှင့် ပတ်သက်၍ 2. ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲလျှောက်လွှာလက်ခံခြင်းနှင့်ပတ်သက်၍
visitors :      180,612