၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲ လျှောက်လွှာလက်ခံခြင်းနှင့်ပတ်သက်၍
၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲလျှောက်လွှာလက်ခံခြင်းနှင့်ပတ်သက်၍
Exam Date (စာမေးပွဲကျင်းပမည့်နေ့ရက်) - ၁၅.၆.၂၀၂၅ (တနင်္ဂနွေနေ့)
Exam Venue (စာမေးပွဲကျင်းပမည့်နေရာ) - Yangon (ရန်ကုန်မြို့)
Exam Subjects (May be chosen) – (ဖြေဆိုနိုင်မည့်ဘာသာရပ်များ)
1. Japanese as a Foreign Language
2. Science (or) Japan and the world
3. Mathematics
Exam Fee (စာမေးပွဲကြေး) - ၆၀,၀၀၀ ကျပ် (ဘာသာအားလုံးအတွက်)
သိပ္ပံတွဲ - Japanese as a Foreign Language, Science, Mathematics
ဝိဇ္ဇာတွဲ - Japanese as a Foreign Language, Japan and the World, Mathematics
Application Period (လျှောက်လွှာလက်ခံမည့်ကာလ) - ၁၀.၂.၂၀၂၅ ရက်နေ့မှ ၆.၃.၂၀၂၅ ရက်နေ့ထိ
(အပတ်စဉ် တနင်္လာနေ့ မှ သောကြာနေ့အထိ)
***စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။***
Application Time (လျှောက်လွှာလက်ခံမည့်အချိန်) - မနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း
(နေ့လည် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီအထိ ထမင်းစားချိန်ပိတ်ပါသည်။)
Application Venue (လျှောက်လွှာလက်ခံမည့်နေရာ)
MAJA Head Office (Yangon)
No 2B-(4), Snow Garden Housing, Thumingalar Road, Thingangyun Township, Yangon, Myanmar. 09-262602121, 09-428612151 (9:30am to 4:00pm)
MAJA office Mandalay
1st Floor, Block 1, Unit 6, Mingalar Mandalay, Chan Mya Thar Si Tsp, Mandalay.
09-255162533 (9:30am to 4:00pm)
Requirements (လိုအပ်ချက်များ)
(၁) 3 Photos (3 x 4 cm) - (လိုင်စင်ဓာတ်ပုံ (၃) ပုံ - နောက်ခံ အပြာ (သို့) အဖြူ ဖြစ်ရမည်။)
၃လအတွင်း ရိုက်ကူးထားသည့် ကြည်လင်ပြတ်သားသော ပုံဖြစ်ရမည်။
(အလင်းပြန်နေသောပုံ၊ အရိပ်ကျနေသောပုံ၊ ဝါးနေသော/ ပေစွန်းနေသောပုံများ မဖြစ်ရပါ။)
(၂) 1 NRC Copy (မှတ်ပုံတင်မိတ္တူ တစ်စုံ)
(လျှောက်လွှာအား လူကိုယ်တိုင် သို့မဟုတ် ကိုယ်စားလာရောက်တင်ရပါမည်။)
***လျှောက်လွှာတွင် ဖြည့်သွင်းသည့် အချက်အလက်များအား တိကျမှန်ကန်စွာဖြည့်သွင်းပြီး လာရောက်တင်သွင်းပါရန်။
***လျှောက်လွှာတင်ပြီးပါက အချက်အလက်များအား ပြန်လည်ပြင်ဆင်နိုင်မည် မဟုတ်ပါ။
***မိမိလျှောက်လွှာတင်ခဲ့သည့် ဘာသာရပ်အတိုင်းသာ ဖြေဆိုခွင့်ရရှိမည် ဖြစ်ပါသည်။
စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
Posted Under by: Exam | EJU
07-Feb-2025