2025 ခုနှစ်၊ (5) လပိုင်း TOP J စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ယူခြင်းနှင့် ပတ်သက်၍
(5) လပိုင်း၊ (11) ရက်နေ့တွင် ဖြေဆိုရမည့် TOP J စာမေးပွဲအတွက် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Test Voucher) များကို “5.5.2025 မှ 9.5.2025 ရက်နေ့အတွင်း” ရန်ကုန်ရှိ MAJA ရုံးခွဲ၌ လာရောက်ထုတ်ယူနိုင်ပြီဖြစ်ပါသည်။
► ရန်ကုန်တွင် ဖောင်တင်ထားသူများ ထုတ်ယူရန် (5.5.2025 မှ 9.5.2025 ရက်နေ့အတွင်း) -
MAJA Education Centre
အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာ တရားရုံးဘေးလမ်း)
Ph No : 09 428 613 848
(ရုံးချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ ပိတ်ပါသည်။)
** Test Voucher လာရောက်ထုတ်ယူရာတွင် စာမေးပွဲကြေးပေးသွင်းထားသည့် ဘောင်ချာဖြတ်ပိုင်း ပြသကာ ထုတ်ယူရမည် ဖြစ်ပါသောကြောင့် ဘောင်ချာဖြတ်ပိုင်းအား “မမေ့မလျော့” ယူဆောင်လာရပါမည်။ **
► Email မှတဆင့် Test Voucher ပေးပို့ပေးရမည့်သူများကိုလည်း “5.5.2025 မှ 9.5.2025 ရက်နေ့အတွင်း” ဖောင်တင်စဉ်က ရေးသားခဲ့သည့် Email အား ပို့ပေးသွားမည်ဖြစ်လို့ မိမိရဲ့ Email ကို မမေ့မလျော့ စစ်ဆေးပြီး Email မရောက်ရှိပါက သက်ဆိုင်ရာ ရုံးခွဲသို့ အကြောင်းကြားပေးရပါမည်။
**(Email မှ Test Voucher အား Print ထုတ်ကာ စာမေးပွဲနေ့တွင် ယူဆောင်လာရမည် ဖြစ်ပါသည်။ Test Voucher မယူဆောင်လာသူများအား စာမေးပွဲ ဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။)**
MAJA Education Centre
Posted Under by: Exam | TOP-J
02-May-2025