Myanmar Association of Japan Alumni ( MAJA )

 ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲလျှောက်လွှာ လက်ခံခြင်းနှင့် ပတ်သက်၍


စာမေးပွဲကျင်းပမည့် နေ့ရက် - ၉.၁၁.၂၀၂၅ (တနင်္ဂနွေနေ့)

စာမေးပွဲကျင်းပမည့် နေရာ - ရန်ကုန်မြို့

ဖြေဆိုနိုင်မည့် ဘာသာရပ်များ
1. Japanese as a Foreign Language
2. Science (or) Japan and the World
3. Mathematics

စာမေးပွဲကြေး - ၆၀,၀၀၀ ကျပ် (ဘာသာရပ်အားလုံးအတွက်)
သိပ္ပံတွဲ - Japanese as a Foreign Language, Science, Mathematics
ဝိဇ္ဇာတွဲ - Japanese as a Foreign Language, Japan and the World, Mathematics

လျှောက်လွှာလက်ခံမည့် ကာလ
ရန်ကုန်     - ၇.၇.၂၀၂၅ ရက်နေ့မှ ၃၁.၇.၂၀၂၅ ရက်နေ့ထိ
မန္တလေး    - ၁၀.၇.၂၀၂၅ ရက်နေ့မှ ၃၁.၇.၂၀၂၅ ရက်နေ့ထိ
(အပတ်စဉ် တနင်္လာနေ့ မှ သောကြာနေ့အထိ)
*စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။*

လျှောက်လွှာလက်ခံမည့် အချိန်
နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း
*နေ့လယ် ၁၂း၀၀ နာရီမှ နေ့လယ် ၁း၀၀ နာရီအထိ ထမင်းစားချိန် ခေတ္တနားပါသည်။*

လျှောက်လွှာလက်ခံမည့် နေရာများ
MAJA Head Office (Yangon)
No 2B-(4), Snow Garden Housing, Thu Mingalar Road, Thingangyun Township, Yangon, Myanmar.
09-262602121, 09-428612151 (9:30am to 4:00pm)

MAJA Education Centre (Yangon)
No. 440 (B), Zay Ya 14th Street, 10th Quarter, Near Thitsar Road, South Okkalapa Township, Yangon, Myanmar.
09-428613848 (9:30am to 4:00pm)

MAJA Office Mandalay
68th Street, Between 26th*27th Street, the back area outside Mandalay Swan Hotel, Chan Aye Thar San Township, Mandalay, Myanmar.
09-255162533 (9:30am to 4:00pm)

လျှောက်လွှာတင်ရန် လိုအပ်သည်များ
(၁) အလျား ၃ စင်တီမီတာ၊ အနံ ၄ စင်တီမီတာရှိ လိုင်စင်ဓာတ်ပုံ (၃) ပုံ
  - နောက်ခံ အပြာ (သို့) အဖြူ ဖြစ်ရမည်။
  - ၃လအတွင်း ရိုက်ကူးထားသည့် ကြည်လင်ပြတ်သားသော ပုံ.ဖြစ်ရမည်။
  - အလင်းပြန်နေသောပုံ၊ အရိပ်ကျနေသောပုံ၊ ဝါးနေသော/ ပေစွန်းနေသောပုံများ မဖြစ်ရပါ။
(၂) မှတ်ပုံတင်မိတ္တူ တစ်စုံ

လျှောက်လွှာအား ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလာရောက်တင်ရပါမည်။ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ လျှောက်လွှာ တင်ရာတွင် မိမိအမှန်တကယ်ဖြေဆိုလိုသည့် ဘာသာရပ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှောက်လွှာတွင် သေချာစွာ ဖြည့်သွင်းပေးပါရန်နှင့် လျှောက်လွှာတင်ပြီး နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခွင့် (လုံးဝ) မရှိပါကြောင်း အသိပေးအပ်ပါသည်။

စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Posted Under by: Exam | EJU

05-Jul-2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲလျှောက်လွှာလက်ခံခြင်းနှင့်ပတ်သက်၍
visitors :      198,428