Myanmar Association of Japan Alumni ( MAJA )

 ASIA KAKEHASHI Project 2020 ဂျပန်နိုင်ငံနှင့် အာရှနိုင်ငံများရှိအထက်တန်းကျောင်းသား၊ ကျောင်းသူများအကြားပေါင်းကူး ဆက်သွယ်မှု တည်ဆောက်ခြင်း။


• အချိန်ကာလ: ဧပြီလ (၁)ရက် ၂၀၂၀ - ဖေဖော်ဝါရီလ (၄)ရက် ၂၀၂၁
• အကြောင်းအရာ: ကျောင်းဆောင် (သို့) ဖိတ်ခေါ်အိမ်တွင်နေထိုင်ရင်း ဂျပန်နိုင်ငံရှိ အထက်တန်းကျောင်း ပညာသင်ကြားရေးအတွေ့အကြုံများရယူခြင်း
• ကုန်ကျမှုအခကြေးငွေ: ဂျပန်နိုင်ငံ အစိုးရမှ ကုန်ကျစရိတ်ထောက်ပံ့ပေးပါမည်။
• ထောက်ပံ့မှု: ဂျပန်နိုင်ငံ၊ AFS ၏ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များက ပါဝင်မည့် ကျောင်းသား ကျောင်းသူများ ဂျပန်နိုင်ငံတွင် အစီအစဉ်အရ နေထိုင်စဉ် ကူညီထောက်ပံံ့ခြင်းပြုလုပ်ပြီး ရွေးချယ်ပို့ ဆောင် မည့် သက်ဆိုင်ရာနိုင်ငံများမှ AFS မိတ်ဖက် အဖွဲ့အစည်းများ သို့မဟုတ် NGOs အဖွဲ့အစည်းများက AFS ၏ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားမှုများဖြင့် အစီအစဉ်မစတင်မီ တာဝန်ယူဆောင်ရွက်မည် ဖြစ်ပါသည်။

• စံသတ်မှတ်ချက်များ: ၂၀၂၀ ခုနှစ် ASIA KAKEHASHI အစီအစဉ်အတွက် လျှောက်ထားသူများ သည် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီရပါမည်။
(က) အသက် (၁၅) နှစ်မှ (၁၈) နှစ်အတွင်း၊ ၂၀၀၂ ခုနှစ် ဧပြီလ (၂) ရက်နေ့ နောက်ပိုင်းနှင့် ၂၀၀၅ ခုနှစ် ဧပြီလ
(၁) ရက်နေ့ မတိုင်မီ မွေးဖွားသူများဖြစ်ရမည်။
(ခ) မြန်မာနိုင်ငံသားဖြစ်ရမည်။
(ဂ) နောက်ဆုံးဖြေဆိုခဲ့သည့် စာမေးပွဲတွင် ဘာသာရပ်တိုင်း၌ အနည်းဆုံး အမှတ် ၆၀% ရရှိရပါမည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း ဖြေဆိုခဲ့သော စာမေးပွဲများတွင်လည်း ဘာသာရပ်အားလုံး စုစုပေါင်းရမှတ်သည်
ပျှမ်းမျှ ၆၀% ရရှိရပါမည်။
(ဃ) ဂျပန်ဘာသာရပ်ကို လေ့လာသင်ယူနေသူဖြစ်ရမည်။
(င) အစီအစဉ်ကာလအတွင်းနှင့် အစီအစဉ်ပြီးဆုံးချိန်တွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား
ပေါင်းကူးဆက်သွယ်မှုအတွက် စိတ်အားထက်သန်စွာဖြင့် ဦးစီးလုပ်ဆောင်နိုင်ရမည်။
( စ) ASIA KAKEHASHI အစီအစဉ်တွင် ယခင်ကမပါဝင်ဖူးသူဖြစ်ရမည်။

• အောက်ပါအချက်များနှင့်လည်းကိုက်ညီရပါမည်။
1. Current GPA no less than 3.00 without fail grade according to school standard.
2. Current study at 9th, 10th, or 11th grade or graduated high school or studying in the university level or equivalent. (သက်ဆိုင်ရာကျောင်းမှထောက်ခံချက်တင်ပြရန်)
*Non-formal education or homeschooling are not accepted
3. Be able and willing to travel unaccompanied abroad.
4. Good Physical and mental health.
5. Preference will be given to candidates who are talented (sports /music / arts / etc.) or make a contribution to their own society.
• ရွေးချယ်ခံရပါက (MAJA) အသင်းမှ လိုအပ်သည့် သင်ကြားလေ့ကျင့်မှုများပြုလုပ်ပေးမည်ဖြစ်ပါသည်။ အဆိုပါကာလအတွင်းစည်းကမ်းလိုက်နာရန်ပျက်ကွက်ပါကရွေးချယ်စေလွှတ်မှုအားပယ်ဖျက်ခံရမည်ဖြစ်ပါသည်။
“အသေးစိတ်သိရှိလိုပါက အောက်ပါအခမ်းအနားများသို့တက်ရောက်လေ့လာစုံစမ်းနိုင်ပါသည်”
ရန်ကုန်
နေ့ရက်: စက်တင်ဘာလ (၂၉) ရက် ၂၀၁၉ ခုနှစ်၊ တနင်္ဂနွေနေ့။
အချိန်: နံနက် (၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီ အထိ။
နေရာ: Gandamar Grand Ballroom
Gandamar Wholesale တတိယထပ်၊ ဝေဇယန္တာလမ်း နှင့် ဂန္ဓာမာလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေး
နေ့ရက်: စက်တင်ဘာလ (၃၀) ရက် ၂၀၁၉ ခုနှစ်၊ တနင်္လာနေ့။
အချိန်: နံနက် (၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီ အထိ။
နေရာ: Hotel Marvel Mandalay
(၇၈) လမ်း နှင့် လမ်း (၃၀) ထောင့်၊ မန္တလေးဘူတာကြီး (လေးလွှာ)၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

လျှောက်လွှာခေါ်ယူခြင်း
• လျှောက်လွှာတင်ခြင်း: ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ အထိ
• အထက်အကြောင်းအရာပါ အချက်အလက်များနှင့် ကိုက်ညီသဖြင့် လျှောက်ထားလိုသူများသည်
(၁) Application Form
- အောက်ပါလင့်မှ download ရယူနိုင်ပါသည်။
https://drive.google.com/open…
(သို့မဟုတ်)
- MAJA ရုံးခန်းတွင်လာရောက်ထုတ်ယူနိုင်ပါသည်။

(၂) ပညာအရည်အချင်းအထောက်အထားနှင့် တကွ အမှတ်စာရင်း
(၃) ဓါတ်ပုံ(1)ပုံ ( 3cm x 4cm )
(၄) Passport Copy (လျှောက်လွှာနှင့်အတူ (သို့) လူတွေ့ စစ်ဆေးသောနေ့)
(၅) ဆက်သွယ်ရန်လိပ်စာနှင့် တယ်လီဖုန်းအပြည့်အစုံ

တို့နှင့် တကွ အောက်ပါ MAJAရုံးခန်းများသို့လူကိုယ်တိုင် လာရောက်လျောက်ထားရပါမည်။ အသေးစိတ်သိရှိလိုပါကလူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၉-၂၆၂၆၀၂၁၂၁ ၊ ၀၉-၄၂၈၆၁၂၁၅၁၊ သို့ ဖြစ် စေ ရုံး ချိ န် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Myanmar Association of Japan Alumni (MAJA) Office (Yangon Branch)
No. 2B(4), Snow Garden Housing, Thu Mingalar Road, Hnin Si Gone (KA) Quarter, Thingangyun Township, Yangon, Myanmar.
Phone: +95 9 262602121,
+95 9 428612151
Email: maja.ygn@gmail.com

Myanmar Association of Japan Alumni (MAJA) Office (Mandalay Branch)
1st Floor, MABA, Water Street, Block-1, Unit-6, Mingalar Mandalay, Chan Mya Thar Si Tsp, Mandalay.

Phone: +95 9 255162533

 

Posted Under by: Awards | KAKEHASHI Proj

30-Sep-2019
Myanmar Association of Japan Alumni (MAJA), Japan Foundation Yangon နှင့် Embassy of Japan တိုု့မှပူးပေါင်းကျင်းပသော Japanese Culture Show 2019 လာရောက်အားပေးဖိုု့ ဖိတ်ခေါ်ပါတယ်။ Events - news တွင်ဝင်ကြည့်ပါ။
visitors :      37,200