Myanmar Association of Japan Alumni ( MAJA )

 ၂၀၂၁ခုနှစ်နို၀င်ဘာလတွင်ကျင်းပမည့်(TOP-J) စာမေးပွဲ လျှောက်ထားခြင်း နှင့်ပတ်သတ်၍ အသိပေး ကြေငြာခြင်း


၂၀၂၁ခုနှစ်၊ နို၀င်ဘာလ(၁၄)ရက်နေ့ တွင်ကျင်းပမည့် (Top-J) စာမေးပွဲ ဝင်ရောက်ဖြေဆို လိုသည့်သူများ အောက်ဖော်ပြပါ လမ်းညွှန်အတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

ကျင်းပမည့်စာမေးပွဲအဆင့်​-

Basic (N4+N5), Intermediate (N3+N2), Advance (N1)

စာမေးပွဲကြေး​​​- ၄၀,၀၀၀ကျပ်

လျှောက်လွှာလက်ခံမည့်ကာလ - အောက်တိုဘာလ () ရက်နေ့ မနက် ()နာရီနာရီ မှ အောက်တိုဘာလ (၂၀) ရက်နေ့ ညနေ ()နာရီအတွင်း။

TOP-J နှင့်ပတ်သက်၍-

TOP-Jသည် ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားပြီး၊ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE မှကျင်းပပြုလုပ်သော ဂျပန်ဘာသာ အရည်အချင်းစစ် စာပေးပွဲတစ်ခု ဖြစ်ပါသည်။

အဓိကအသုံးချနိုင်သည့်ရည်ရွယ်ချက်များမှာ -

၁။ဂျပန်ဘာသာစကားစွမ်းရည်ကိုစစ်ဆေးရန်။

၂။တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန်။

၃။ပညာသင်ဆုလျှောက်ထားရန်လိုအပ်ချက်တောင်းဆိုသည့်အခါ။

၄။အလုပ်အကိုင် လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းမှ ဂျပန်ဘာသာ အရည်အချင်း အသိအမှတ် ပြုစာမေးပွဲအောင်လက်မှတ် တောင်းဆိုသည့်အခါ။

Website (ဂျပန်ဘာသာ) https://www.topj-test.org/

လျှောက်လွှာလျှောက်ထားခြင်း။

အောက်ဖော်ပြပါ“TOP J Online Application Form”သို့အောက်တိုဘာလ ()ရက်နေ့ မနက် ()နာရီမှ စတင်ကာ ဝင်ရောက်လျှောက်ထားရပါမည်။

https://docs.google.com/.../1FAIpQLScaNufeF3o.../viewform...

Online Application Form ဖြည့်စွက်ခြင်းအား ကြိုတင်လေ့လာထားနိုင်ရန် နမူနာပုံများအား ပူးတွဲဖော်ပြ ထားပါသည်။

Online Application Form ပါ အချက်အလက်များကို ဖြည့်စွက်ပြီး၊ Attachment တွင်သက်သေခံကဒ်ပြား (ID) အားပူးတွဲတင်ပြရမည်။ ပူးတွဲတင်ပြရာတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ ပတ်စပို့၊ ကျောင်းသားကဒ် (အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်) များကို သာ လက်ခံ သွားပါမည်။ သက်သေခံကဒ်ပြား File Name အား စာမေးပွဲလျှောက်ထားသူ၏အမည်-1” ဖြင့် ပြုလုပ်ပေးပါ။

(Eg: “AUNGAUNG-1.jpg”)

ဆက်လက်ပြီးTestVoucherတွင် ကပ်ရန်အတွက် ဓါတ်ပုံကိုUploadလုပ်ရပါမည်။ ဓါတ်ပုံသည် မျက်နှာကို ရှေ့တည့်တည့်မှ ရိုက်ထားရမည်ဖြစ်ပြီး၊ နောက်ခံ(BackGround)သည် အရောင်တမျိုးတည်းဖြစ်နေရပါမည်။ ဓါတ်ပုံFile Name အား မိမိအမည်-2”ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-2.jpg”)

နောက်ဆုံးအနေဖြင့် စာမေးပွဲကြေး ပေးသွင်းထားသော ငွေသွင်းပြေစာအား ပူးတွဲပေးရပါမည်။ ငွေသွင်းပြေစာFile Name အား မိမိအမည်-3” ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-3.jpg”)

ငွေပေးသွင်းရမည့်အဆင့်ဆင့်အား အောက်ပါLinkမှတဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

https://drive.google.com/.../1Xk2ZLvkM8I.../view

Online Application Form ပါ နေရာများအားလုံးကို ဖြည့်စွက်ပြီး၊ အထက်ဖော်ပြပါဖိုင် ()ခုအား Upload လုပ်ပြီး “Submit” button ကိုနှိပ်ပြီးပါ ကဖောင်တင်ခြင်းပြီးဆုံးမည် ဖြစ်ပါသည်။

Online မှလျှောက်ထားရန်နှင့် Online မှငွေပေးချေရန် အခက်အခဲ ရှိပါသူများအနေဖြင့် MAJA စာမေးပွဲ လက်ခံဌာနသို့  လာရောက်လျှောက်ထားနိုင်ပါသည်။ ကိုဗစ်ရောဂါ ကာကူးစပ်မှုကာကွယ်ရေးအတွက် ဖုန်းဖြင့် ကြိုတင်ဘွတ်ကင်ယူသည့်စနစ်ဖြင့်သာ လျှောက်လွှာများကို လက်ခံပေးသွားမည် ဖြစ်ပါသည်။

Test Voucher ထုတ်ယူခြင်း။

လျှောက်ထားသူများအနေဖြင့် Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကိုonline application form တွင်ရွေးချယ်ထားသော နည်းလမ်းအတိုင်း ပေးပို့ပေးသွားမည် ဖြစ်ပါသည်။

Email ဖြင့် ထုတ်ယူမည့်သူများအား နိုဝင်ဘာလ၁ရက်နေ့မှ၆ရက်နေ့အတွင်း Email ပေးပို့ပေးသွားမည် ဖြစ်ပါသည်။ ထိုရက်အတွင်း မိမိတို့၏ Email အဝင်အားသေခြာစွာစစ်ဆေးရန်လိုအပ်ပါသည်။

လူကိုယ်တိုင်လာရောက်ထုတ်ယူမည့်သူများအားနိုဝင်ဘာလ၁ရက်နေ့မှ၁၂ရက်နေ့အတွင်း(တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာနေ့များ) တွင်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

ကိုဗစ်ရောဂါကူးစပ်မှု ကာကွယ်ရေးအတွက် လာရောက်မည့်နေ့မတိုင်မှီတွင် ဖုန်းဖြင့် ကြိုတင်ဘွတ်ကင် ယူပြီး လာရောက်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

စုံစမ်းမေးမြန်းရန် -

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)

ဖုန်း။ 09-428 756 746, 09-428 613 848

Posted Under by: Exam | TOP-J

01-Oct-2021
၂၀၂၅ ခုနှစ်၊ မေလ တွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သက်၍
visitors :      187,890