Myanmar Association of Japan Alumni ( MAJA )

 ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သတ်၍ ကြေငြာခြင်း။


၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင်ကျင်းပမည့် (TopJ) စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသည့်သူများ အောက်ဖော်ပြပါ လမ်းညွှန်အတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

ကျင်းပမည့်စာမေးပွဲအဆင့်

- Basic (N4+N5), Intermediate (N3+N2)

စာမေးပွဲကြေး

- ၄၀,၀၀၀ ကျပ်

လျှောက်လွှာလက်ခံမည့်ကာလ

- ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ () ရက် မနက် ၉နာရီခွဲ မှ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက် ညနေ ၄နာရီ အတွင်း။

TOP-J နှင့် ပတ်သက်၍

TOP-J သည် ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားပြီး၊ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE မှ ကျင်းပပြုလုပ်သော ဂျပန်ဘာသာအရည်အချင်းစစ် စာပေးပွဲတစ်ခု ဖြစ်ပါသည်။

အဓိကအသုံးချနိုင်သည့် ရည်ရွယ်ချက်များမှာ -

၁။ ဂျပန်ဘာသာစကားစွမ်းရည်ကိုစစ်ဆေးရန်။

၂။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်။

၃။ ပညာသင်ဆုလျှောက်ထားရန် လိုအပ်ချက်တောင်းဆိုသည့်အခါ။

၄။ အလုပ်အကိုင်လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဂျပန်ဘာသာအရည်အချင်း အသိအမှတ်ပြုစာမေးပွဲ အောင်လက်မှတ်တောင်းဆိုသည့်အခါ။

Website (ဂျပန်ဘာသာ) https://www.topj-test.org/

လျှောက်လွှာလျှောက်ထားခြင်း

အောက်ဖော်ပြပါ “TOP J Online Application Form” သို့ ဒီဇင်ဘာလ () ရက် မနက် ၉နာရီခွဲ မှ စတင်ဝင်ရောက်လျှောက်ထားရပါမည်။

https://docs.google.com/.../1GZtPH65sdsiDj00YFDt1.../edit

Online Application Form ဖြည့်စွက်ခြင်းအား ကြိုတင်လေ့လာထားနိုင်ရန် နမူနာအား ပူးတွဲဖော်ပြထားပါသည်။

Online Application Form ပါအချက်အလက်များကိုဖြည့်စွက်ပြီး၊ Attachmentတွင် သက်သေခံကဒ်ပြား (ID) အားပူးတွဲတင်ပြရမည်။ ပူးတွဲတင်ပြရာတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ ယာဉ်မောင်း လိုင်စင်၊ ပတ်စပို့၊ ကျောင်းသားကဒ် (အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်) များကိုသာ လက်ခံသွားပါမည်။ သက်သေခံကဒ်ပြား File Name အား စာမေးပွဲလျှောက်ထားသူ၏အမည်-1” ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-1.jpg”)

ဆက်လက်ပြီး၊ Test Voucher တွင် ကပ်ရန်အတွက် ဓါတ်ပုံ ကို Upload လုပ်ရပါမည်။ ဓါတ်ပုံသည် မျက်နှာကိုရှေ့တည့်တည့်မှရိုက်ထားရမည်ဖြစ်ပြီး၊ နောက်ခံ(Back Ground) သည် အရောင်တမျိုးတည်း ဖြစ်နေ ရပါမည်။ ဓါတ်ပုံFile Name အား မိမိအမည်-2” ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-2.jpg”)

နောက်ဆုံးအနေဖြင့် စာမေးပွဲကြေးပေးသွင်းထားသော ငွေသွင်းပြေစာအား ပူးတွဲပေးရပါမည်။ ငွေသွင်းပြေစာ File Name အား မိမိအမည်-3” ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-3.jpg”)

ငွေပေးသွင်းရမည့်အဆင့်ဆင့်အားအောက်ပါ Link မှတဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

https://drive.google.com/.../1Xk2ZLvkM8I.../view

Online Application Form ပါ နေရာများအားလုံးကိုဖြည့်စွက်ပြီး၊ အထက်ဖော်ပြပါဖိုင် () ခုအား Upload လုပ်ပြီး “Submit” button ကိုနှိပ်ပြီးပါက ဖောင်တင်ခြင်းပြီးဆုံးမည် ဖြစ်ပါသည်။

Online မှ လျှောက်ထားရန်နှင့် Online ငွေပေးချေရန်အခက်အခဲ ရှိပါသူများအနေဖြင့် MAJA စာမေးပွဲ လက်ခံဌာန သို့လာရောက် လျှောက်ထားနိုင်ပါသည်။ ကိုဗစ်ရောဂါ ကူးစပ်မှုကာကွယ်ရေးအတွက် ဒီဇင်ဘာလ ၁၀ရက်နေ့မနက် ၉နာရီခွဲမှ စတင်ကာ ဖုန်းဖြင့်ကြိုတင် ရက်ချိန်းယူသည့်စနစ်ဖြင့်သာ လျှောက်လွှာများကို လက်ခံပေးသွားမည် ဖြစ်ပါသည်။

Test Voucher ထုတ်ယူခြင်း

လျှောက်ထားသူများအနေဖြင့် Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကို online application form တွင်ရွေးချယ်ထားသော နည်းလမ်းအတိုင်း ပေးပို့ပေးသွားမည် ဖြစ်ပါသည်။

Email ဖြင့်ထုတ်ယူမည့်သူများအား ဇန်နဝါရီလ ရက်နေ့မှ ရက်နေ့အတွင်း Email ပေးပို့ ပေးသွားမည် ဖြစ်ပါသည်။ ထိုရက်အတွင်းမိမိတို့၏ Email အဝင်အား သေချာစွာစစ်ဆေးရန် လိုအပ် ပါသည်။

လူကိုယ်တိုင် လာရောက်ထုတ်ယူမည့်သူများအား ဇန်နဝါရီလ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ)တွင် ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ ကိုဗစ်ရောဂါကူးစပ်မှု ကာကွယ်ရေး အတွက် လာရောက်မည့်နေ့ မတိုင်မှီတွင် ဖုန်းဖြင့်ကြိုတင် ရက်ချိန်းယူပြီး လာရောက် ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

စုံစမ်းမေးမြန်းရန် -

စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)

၀၉-၄၂၈၆၁၃၈၄၈၊ ၀၉-၉၆၂၇၅၁၃၇၃

(တနင်္လာနေ့မှသောကြာနေ့အထိ - မနက် ၉နာရီခွဲမှ ညနေ၄နာရီအတွင်းသာ)

Posted Under by: Exam | TOP-J

04-Dec-2021
၂၀၂၅ ခုနှစ်၊ မေလ တွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သက်၍
visitors :      187,885