Myanmar Association of Japan Alumni ( MAJA )

 ၁၉ ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ၂၀၂၄ ခုနှစ်


ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

Japanese Literature Translation Contest (ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ)

Japanese Literature Translation Contest သည် ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပါသည်။ ဂျပန်ခေတ်ပြိုင်စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ဘာသာပြန်ဆိုရမည့် စာမူကို ပါဝင်ယှဉ်ပြိုင်သူထံသို့ Email ဖြင့်ပေးပို့ပြီး အောက်ပါသတ်မှတ် ကာလအတွင်း မြန်မာဘာသာ ပြန်ဆို၍ ပြန်လည်ပေးပို့ရပါမည်။

ယခင်ကျင်းပခဲ့သော ဂျပန်စာဘာသာပြန်ပြိုင်ပွဲတွင် ဆုရရှိဖူးသောသူ မဖြစ်စေရ။

လျှောက်ထားရမည့်ကာလ : ၁၆ ..၂၀၂၄ မှ ၃၁..၂၀၂၄ အတွင်း

ပြိုင်ပွဲဝင်များထံသို့ စာမူပေးပို့မည့်ရက် : ၁၅. . ၂၀၂၄ (ကြာသပတေးနေ့)

ဘာသာပြန်စာမူ ပြန်လည်ပေးပို့ရမည့်ရက် : ၂၁..၂၀၂၄ (ဗုဒ္ဓဟူးနေ့)

ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ယှဉ်ပြိုင်မည့်သူများသည် အောက်ပါ Google form Link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။

https://forms.gle/kDdvvVFtDuNXGxB27

Japanese Literature Translation Junior Level Contest (ဂျပန်စာပေဘာသာပြန် အငယ်တန်း အဆင့်ပြိုင်ပွဲ)

Japanese Literature Translation Junior Level Contest သည် ဂျပန်စာပေအပေါ် စိတ်ဝင်စားမှု တိုးပွားလာစေရန်အတွက် ရည်ရွယ်ပါသည်။ အသက် (၂၅) နှစ်အောက်၊ ဂျပန်ဘာသာ အရည်အချင်း N3 အဆင့်ရှိသည့် မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။၊ Zoom Online System ဖြင့် () နာရီကြာ ကျင်းပမည့် ဤဘာသာပြန်ပြိုင်ပွဲတွင် လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာဖြင့် ရေးသားထားသည့် စာမူကို မြန်မာဘာသာသို့ ပြန်ဆိုကာ သတ်မှတ်ချိန်အတွင်း ဘာသာပြန်များကို ပြန်လည်ပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

ယခင်ကျင်းပခဲ့သော ဂျပန်စာဘာသာပြန်ပြိုင်ပွဲတွင် ဆုရရှိဖူးသောသူ မဖြစ်စေရ။

လျှောက်ထားရမည့်ကာလ : ၁၆..၂၀၂၄ မှ ၃၁..၂၀၂၄ အတွင်း

ကျင်းပမည့်ရက် : ၁၈..၂၀၂၄ (တနင်္ဂနွေနေ့)

အချိန် : နံနက် နာရီမှ ၁၂ နာရီ

ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်မည့်သူများသည် အောက်ပါ Google form Link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။

https://forms.gle/T453m13YAE4Yzd6w8

ဘာသာပြန်ပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်ရာ အဘိဓာန်ကို အသုံးပြုနိုင်ပါသည်။

( ပြိုင်ပွဲနှင့် ပတ်သက်သည့်အသေးစိတ် အချက်အလက်များကို လျှောက်ထားသူများထံသို့ ပေးပို့ပါမည်။ )

ဆက်သွယ်စုံစမ်းရန် - MAJA Head Office

09-428612151, 09-262602121

 2024-01-15
၂၀၂၅ ခုနှစ်၊ မေလ တွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သက်၍
visitors :      187,885