Myanmar Association of Japan Alumni ( MAJA )

 ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှု အစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း


 

ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကို ကြိုတင်ကာကွယ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊ နိုင်ငံတော်သမ္မတရုံးမှ မတ်လ (၁၃) ရက် ရက်စွဲပါ ထုတ်ပြန်ကြေငြာချက်အရ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲတော်များကို ဧပြီလ (၃ဝ) မတိုင်ခင်အထိ မပြုလုပ်ပါရန်ညွန်ကြားထားပြီး မတ်လ (၁၈) ရက်စွဲပါ ထုတ်ပြန်ကြေညာချက်တွင်လည်း ထပ်မံ၍ အသေးစိတ်လိုက်နာရန် ညွှန်ကြားတား မြစ် ချက် များကို ထုတ်ပြန်ထားသောကြောင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာအား မတ်လ (၂၇)ရက်နေ့မှ ဧပြီလ (၃ဝ) ရက်နေ့အထိ ပိတ်ထား၍ ပြုလုပ်ကျင်းပလျက်ရှိသော ယဉ်ကျေးမှုဆိုင် ရာ အစီအစဉ်များနှင့်ပွဲများကို ဖျက်သိမ်းရပ်နားထားပါကြောင်း အသိပေးအပ်ပါသည်။ အပြောင်းအလဲရှိ ပါက ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ လူမှုကွန်ယက် စာမျက်နှာများမှတစ်ဆင့် ကြေညာသွားမည်ဖြစ်ပါသည်။

Announcement
Culture events and activities of Japan Foundation, Yangon will be suspended for April.
In response to the statement regarding the Covid-19 prevention from the President Office of the Union Republic of Myanmar issued on the date of 13 of March 2020, the government instructed not to hold public activities, mass gatherings, ceremonies and festivals until April 30, 2020 and the statement of the detailed instructions which follow up on 18 of March 2020, the public space (ground floor) of the Japan Foundation, Yangon will be closed from 27th March to 30th of April. All cultural events and activities will be suspended. We will update further announcements on our Facebook page.

 

 2020-03-31
(၁၉) ကြိမ်မြောက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ (၂၀၂၄ ခုနှစ်) ဆုရရှိသူများကြေညာခြင်း
visitors :      150,027