၁၆ ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ၊ ၂၀၂၁ ခုနှစ် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ နှင့် ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ ကို အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။
၁၆ ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ၊ ၂၀၂၁ ခုနှစ် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ နှင့် ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ ကို အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။ လျှောက်လွှာပုံစံကို အောက်ပါ ပေးထားသော Google Form Link တွင် ဖြည့်စွက်ပြီး လျှောက်လွှာလက်ခံရက်အတွင်း ပေးပို့လျှောက်ထားနိုင်ပါသည်။
https://docs.google.com/.../1FAIpQLSfdsTv2Pd9.../viewform...
လျှောက်လွှာလက်ခံရက်
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ အထိ။
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ
--------------------------------------------
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲသည် ဂျပန်စာပေဘာသာပြန်သူများပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ် ပါသည်။ ဂျပန်ခေတ်ပြိုင် စာပေများကို မြန်မာဘာသာဖြင့် ပြန်ဆိုယှဥ်ပြိုင်ရမည်ဖြစ်ပါသည်။ ဆုရရှိသူသည် Japan Foundation, Yangon မှကျင်းပသော စာပေနှီးနှောဖလှယ်ပွဲများတွင် ပါဝင်ခွင့်ရရှိပါမည်။
ဘာသာပြန်ဆိုရမည့် စာမူကို ပါဝင်ယှဥ်ပြိုင်သူများထံသို့ email ဖြင့် ပေးပို့ပါမည်။ ပါဝင်ယှဥ်ပြိုင်သူမှ အောက်ပါသတ်မှတ်ကာလအတွင်း မြန်မာဘာသာ ပြန်ဆို၍ ပြန်လည်ပေးပို့ရပါမည်။
ပြိုင်ပွဲဝင်များထံသို့ စာမူပေးပို့မည့်ရက်
: ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ (တနင်္လာနေ့)
စာမူပြန်လည်ပေးပို့ရမည့်ရက်
: ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ (တနင်္လာနေ့)
ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ
------------------------------------------------------------------------
ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲသည် အခြေခံအဆင့် ဂျပန်ဘာသာစကား လေ့လာသူ များကိုရည်ရွယ်ပါသည်။ လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာစကားဖြင့် ရေးသားထားသည့် စာမူကို မြန်မာဘာသာသို့ ပြန်ဆို၍ ဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်ပါသည်။
***** ပါဝင်ယှဥ်ပြိုင်သူသည် အသက် ၂၅နှစ်အောက်ဖြစ်ရပါမည်။ *****
Zoom Online System ဖြင့် ကျင်းပသည့် ဘာသာပြန်ပြိုင်ပွဲတွင် ဂျပန်ဘာသာဖြင့် ရေးသားထားသော စာမူများကို မြန်မာဘာသာပြန်ဆိုကာ ပေးပို့ယှဥ်ပြိုင်ရမည်ဖြစ်ပါသည်။
ယှဥ်ပြိုင်ရမည့် နေ့စွဲနှင့် အချိန်
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ (တနင်္ဂနွေနေ့)
နံနက် ၉နာရီမှ နေ့လည် ၁၂ နာရီအထိ
(အသေးစိတ်ကို လျှောက်ထားသူများထံသို့ ထပ်မံ email ပေးပို့ပါမည်)
ဘာသာပြန်ပြိုင်ပွဲတွင် မိမိ ကြိုက်နှစ်သက်ရာ အဘိဓါန်ကို အသုံးပြုနိုင်ပါသည်။
ဆုရရှိသူ၏ အမည်စာရင်းကို MAJA Facebook Page တွင်ကြေညာပေးမည် ဖြစ်ပြီး ဖုန်းနှင့်လည်း အကြောင်းကြားပါမည်။ ဆုပေးပွဲကို ဂျပန်စကားပြောပြိုင်ပွဲနှင့် အတူကျင်းပပါမည်။