Myanmar Association of Japan Alumni ( MAJA )

 ၁၇ ကြိမ်မြောက်ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ၂၀၂၂ ခုနှစ် ကြေငြာခြင်း


ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲကို အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

Japanese Literature Translation Contest (ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ)

ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပါသည်။ ဂျပန်ခေတ်ပြိုင် စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုပြီး၊ ပြည်တွင်း/ပြည်ပမှ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ဘာသာပြန်ဆိုရမည့် စာမူကို ပါဝင်ယှဉ်ပြိုင်သူထံသို့ Email ဖြင့်ပေးပို့ပြီး အောက်ပါသတ်မှတ်ကာလ အတွင်း မြန်မာဘာသာ ပြန်ဆို၍ ပြန်လည်ပေးပို့ရပါမည်။

လျှောက်ထားရမည့်ကာလ : ၁၃..၂၀၂၂ မှ ၃၁..၂၀၂၂ အတွင်း

ပြိုင်ပွဲဝင်များထံသို့  စာမူပေးပို့မည့်ရက် : ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ရက်နေ့ (အင်္ဂါနေ့)

ဘာသာပြန်စာမူ ပြန်လည်ပေးပို့ရမည့်ရက် : ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ရက်နေ့(တနင်္လာနေ့)

ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ယှဥ်ပြိုင်မည့်သူများသည် အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။

https://docs.google.com/.../1FAIpQLScSApwzXLF.../viewform...

Japanese Literature Translation Junior Level Contest

(ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ )

ပါဝင်ယှဉ်ပြိုင်သူသည် အသက် (၂၅) နှစ်အောက်ရှိရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာအရည်အချင်း N3 အဆင့် ရှိသောသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ လွယ်ကူရိုးရှင်းသော ဂျပန်စာပေဖြင့် ရေးသားထားသည့် စာမူကို မြန်မာဘာသာသို့ပြန်ဆိုရမည် ဖြစ်ပါသည်။ ဂျပန်စာပေအပေါ် စိတ်ဝင်စားမှုတိုးပွားလာစေရန် အတွက် ရည်ရွယ်ပါသည်။ Zoom Online System ဖြင့် () နာရီကြာ ကျင်းပမည့် ဘာသာပြန်ပြိုင်ပွဲတွင် ဂျပန်ဘာသာ ဖြင့် ရေးသားထားသော စာမူကို မြန်မာဘာသာသို့ ပြန်ဆိုကာ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

လျှောက်ထားရမည့်ကာလ - ၁၃..၂၀၂၂ မှ ၃၁..၂၀၂၂ အတွင်း

ကျင်းပမည့်ရက် - ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ (တနဂႅနွေနေ့)

အချိန် - နံနက် နာရီမှ ၁၂ နာရီ

ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ ယှဥ်ပြိုင်မည့်သူများသည် အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။

https://docs.google.com/.../1FAIpQLScBRD5JYre.../viewform...

***ဘာသာပြန်ပြိုင်ပွဲတွင် မိမိ ကြိုက်နှစ်သက်ရာ အဘိဓာန်ကို အသုံးပြုနိုင်ပါသည်။***

( ပြိုင်ပွဲနှင့် ပတ်သတ်သည့်အသေးစိတ် အချက်အလက်များကို လျှောက်ထားသူများထံသို့ ပေးပို့ပါမည်။ )

 2022-01-13
(1) 2021 DECEMBER တွင် ဖြေဆိုထားသော JLPT Exam Online Result ယနေ့ မြန်မာ စံတော်ချိန် 7:30 am မှ စတင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ (2) Japanese Literature Translation Contest 2022 အတွက် လျှောက်လွှာလက်ခံကာလမှာ ၁၃.၁.၂၀၂၂ မှ ၃၁.၁.၂၀၂၂ အထိဖြစ်ပြီး လျှောက်လွှာတင်ရန် အချိန် (၁) ပတ် သာကျန်ပါတော့သည်။
visitors :      88,733