၁၇) ကြိမ်မြောက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ (၂၀၂၂ခုနှစ် ) ဆုရရှိသူများ ကြေညာခြင်း
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း အသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် - ဂျပန်ယဥ်ကျေးမှု စင်တာတို့က (၁၇) ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန် ပြိုင်ပွဲကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင် ကြီးမှူးကျင်းပခဲ့ပြီး အကဲဖြတ် သုံးသပ်ချက်များအရ ကျွမ်းကျင် အဆင့် အတွက် ဆုရရှိသူ (၃) ဦး နှင့် အငယ်တန်းအဆင့်အတွက် ဆုရရှိသူ (၃) ဦးကို အောက်ပါအတိုင်း ရွေးချယ်လိုက်ကြောင်း ကြေညာအပ်ပါသည်။ ဘာသာပြန် ပြိုင်ပွဲနှစ်ခုစလုံး၏ ဘာသာပြန်လက်ရာများသည် အံ့သြချီးကျူးဖွယ်ကောင်းပြီး ဆုရရှိသူများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။
ကျွမ်းကျင်အဆင့် ဂျပန်စာဘာသာပြန်ပြိုင်ပွဲတွင် ထူးချွန်ဆုရှိသူများ
ထူးချွန်ဆု အမှတ်စဥ် အမည်
ပထမဆု TA-102 မမေသူအောင်
ဒုတိယဆု TA-041 မနှင်းကေသရီနိုင်
တတိယဆု TA-007 မအေးချမ်းအောင်
အငယ်တန်းအဆင့် ဂျပန်စာဘာသာပြန်ပြိုင်ပွဲတွင် ထူးချွန်ဆုရှိသူများ
ထူးချွန်ဆု အမှတ်စဥ် အမည်
ပထမဆု TJ-106 မဖြိုးရတနာသွယ်
ဒုတိယဆု TJ-025 မအိအိကျော်
တတိယဆု TJ-051 မKD ဆန်းဒေးဆိုင်းထွယ်ခေါန်တောင်