Myanmar Association of Japan Alumni ( MAJA )

 2019 "BRIDGE Summer Camp" အတွက် လျှောက်လွှာခေါ်ယူခြင်း။


မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) သည် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်မှ (၂၅) ရက် အထိကျင်းပမည့် အထက်ပါတွေ့ဆုံပွဲသို့ ကျောင်းသားလူငယ်များကို ရွေးချယ်စေလွှတ် မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူများသည် သတ်မှတ်ချက်ဘောင်အတွင်း အကြုံးဝင်ပါက လျှောက်ထားနိုင်ပါကြောင်း အကြာင်းကြားအပ်ပါသည်။
၁။ မြန်မာနိုင်ငံသားဖြစ်ပြီး သြဂုတ်လ (၁) ရက်၊ ၂၀၀၇ ခုနှစ် နှင့် သြဂုတ်လ (၃၁) ရက် ၂၀၀၈ ခုနှစ် အတွင်းမွေးဖွားသူဖြစ်ရမည်။ (မွေးစာရင်းတင်ပြနိုင်ရမည်)
၂။ အခြေခံပညာကျောင်း (သို့မဟုတ်) အခြေခံပညာကျောင်းနှင့် အဆင့်တူကျောင်းတွင် ပညာသင်ယူဆဲ ဖြစ်ပြီး ကျောင်းအဆင့်ထူးချွန်သူ (အဆင့် ၁ မှ ၅ အထိ)၊ စည်းကမ်းလိုက်နာတတ်သူ၊ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုနိုင်သူ၊ ကျန်းမာကြံ့ခိုင်သူ၊ မိဘအုပ်ထိန်းသူနှင့် ၂ ပတ်ခန့် ခွဲ၍နေထိုင်တတ်ပြီး ဂျပန်နိုင်ငံရှိ ဒေသခံ မိသားစုများနှင့် နေထိုင်နိုင်စွမ်းရှိရမည်။ (သက်ဆိုင်ရာကျောင်းမှ ထောက်ခံချက်တင်ပြရန်)
၃။ ရွေးချယ်ခံရပါက (MAJA) အသင်းမှ လိုအပ်သည့် သင်ကြားလေ့ကျင့်မှုများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။ အဆိုပါကာလအတွင်း စည်းကမ်းလိုက်နာရန်ပျက်ကွက်ပါက ရွေးချယ်စေလွှတ်မှုအား ပယ်ဖျက်ခံရမည် ဖြစ်ပါသည်။
၄။ လူတွေ့စစ်ဆေးသောနေ့တွင် Passport မူရင်းတင်ပြရပါမည်။
၅။ လျှောက်လွှာလက်ခံမည့် ရက် နှင့် နေရာ
(၂၁.၁.၂၀၁၉) မှ (၈.၂.၂၀၁၉) ရုံးချိန်အတွင်း ကျောင်းသားနှင့်အတူ မိဘ (သို့) အုပ်ထိန်းသူ လိုက်ပါ၍ အောက်ပါ MAJA ရုံးခန်းသို့ လာရောက်လျှောက် ထားရန်။
(စနေ၊ တနင်္ဂနွေ နှင့် အများပြည်သူအလုပ်ပိတ်ရက်များ ပိတ်ပါသည်။)
- ကျောင်းသားကိုယ်တိုင်လျှောက်လွှာကို ရေးဖြည့်ရပါမည်။
- Interview ရက်ကို MAJA Facebook တွင်ကြေငြာပါမည်။
https://www.facebook.com/MyanmarAssociationofJapanAlumniMA…/
- ၃လအတွင်းရိုက်ကူးထားသော 3x4cm ရှိသောဓါတ်ပုံ(၁)ပုံ (ဓါတ်ပုံနောက်ကျောတွင် အမည်ရေးသား ထားရမည်။)
- မွေးစာရင်း / နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ (၁) စောင်
- နိုင်ငံကူးလက်မှတ်မိတ္တူ (၁) စောင်
- သက်ဆိုင်ရာကျောင်းမှ ထောက်ခံစာ မူရင်း (၁) စောင်
- ကျောင်းစာမေးပွဲအမှတ်စာရင်းနှင့်အဆင့် (၁) စောင်

MAJA Office - Room 707, 7th Floor, Bld C, Pearl Condo, Kabar Aye Pagoda Rd, Bahan Tsp, Yangon.
Ph: 95-9-262602121, 95-9-428612151

 

 2019-09-07
(၁၉) ကြိမ်မြောက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ (၂၀၂၄ ခုနှစ်) ဆုရရှိသူများကြေညာခြင်း
visitors :      150,013