၂၀၂၄ ခုနှစ်၊ မတ်လ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သော ASJA (Asia Japan Alumni) International ၏ (၅၀) ကြိမ်မြောက် အစည်းအဝေး သို့တက်ရောက်ခဲ့သူများ
၂၀၂၄ ခုနှစ်၊ မတ်လ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သော ASJA (Asia Japan Alumni) International ၏ (၅၀) ကြိမ်မြောက် အစည်းအဝေးနှင့် အခြားအစီအစဉ်များသို့ တက်ရောက်ရန် မာဂျာအသင်းမှ နာယက ပါမောက္ခဒေါ်စီစီရှိန်၊ ဥက္ကဋ္ဌ ဒေါက်တာမျိုးခင်နှင့်အတူ အလုပ်အမှုဆောင် (၃) ဦး တို့ သွားရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ဂျပန်ပညာသင်ဟောင်းအသင်းများ၏ ကိုယ်စားလှယ်များလည်း ပါဝင် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံအသီးသီးမှ ဆောင်ရွက်လျက်ရှိသော ဂျပန်ပညာသင်ကိစ္စများ၊ အာဆီယံ-ဂျပန်ချစ်ကြည်ရင်းနှီးမှု အစီအစဥ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ NIYE Program၊ TYCA Program (Toshiba Foundation) မှ ကိုယ်စားလှယ်များလည်း တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။
မတ်လ (၉) ရက်နေ့တွင် ၂၀၂၃-၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမှုပြီးဆုံးခဲ့သည့် ASJA ကျောင်းသူ/သားများ၏ ကျောင်းဆင်းပွဲနှင့် ASJA ကျောင်းသားဟောင်းများတွေ့ဆုံပွဲသို့လည်း တက်ရောက်ခဲ့ကြပါသည်။ ASJA ကျောင်းသားများမှာ ဂျပန်အစိုးရပညာသင်ဆု (MEXT Scholarship) ရရှိသည့် ကျောင်းသားများအတွင်းမှ ပညာသင်ကာလအတွင်း ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု အစီအစဥ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် ရွေးချယ်ခံသူများ ဖြစ်ပါသည်။