Myanmar Association of Japan Alumni ( MAJA )

 Toshiba Foundation ၏ ဦးဆောင်စီစဉ်မှု၊ ASJA international ၏ ပံ့ပိုးမှုတို့ဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တွင် ပြုလုပ်ကျင်းပပြုလုပ်သော TYCA (Toshiba Youth Club Asia) Vol. 8 အစီအစဉ် သို့ MAJA မှ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။


Toshiba Foundation ဦးဆောင်စီစဉ်မှု၊ ASJA international ပံ့ပိုးမှုတို့ဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ မှ (၃၀) ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ အမျိုးသားအိုလံပစ်လူငယ်စင်တာတွင် ပြုလုပ်ကျင်းပပြုလုပ်သော TYCA (Toshiba Youth Club Asia) Vol. 8 အစီအစဉ် သို့ MAJA အလုပ်အမှုဆောင် ဒေါက်တာဝဿန်လင်းနှင့် ကျောင်းသား/သူ () ဦးတို့ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ထူးချွန်ထက်မြက်သော လူငယ်ခေါင်းဆောင်များ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်သော TYCA Vol.8 အစီအစဉ်သည် တစ်နှစ်လျှင် () ကြိမ် မတ်လနှင့် ဒီဇင်ဘာလများတွင် ကျင်းပပြီး၊ ယခု ၂၀၂၄ ခုနှစ် မတ်လတွင် မြန်မာအပါအဝင် အခြားအာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံများမှ အသက် (၁၅) နှစ်မှ (၁၈) နှစ်အရွယ် ကျောင်းသား/ သူများ ပါဝင်ခဲ့ကြပါသည်။

ယင်းအစီအစဉ်တွင် Energy and Environmental issues, Resilience against natural disasters, Economics and social development of the region, and the role of Science and Technology for social innovation စသော အချက်များကို ပူးပေါင်းဆောင်ရွက်ကြပြီး၊ အနာဂါတ်တွင် စွမ်းဆောင်မှုအပြည့်နှင့် ငြိမ်းချမ်းစွာဖြင့် အတူတကွ လက်တွဲနေထိုင်သွားနိုင်မည့် Asia-Pacific Region ဖြစ်ပေါ်လာရန် ရည်ရွယ်ပါကြောင်းသ်ိရှိရပါသည်။

 2024-06-02
2024 JLPT (JULY) စာမေးပွဲနှင့်ပတ်သတ်သော စည်းကမ်းချက်များနှင့် ပတ်သက်၍ စာဖြေသူများ နားလည်သဘောပေါက်လွယ်ကူစေရန် ဗီဒီယိုဖိုင်ဖြင့်ထုတ်ပြန်ကြေငြာခြင်း ဖြစ်ပါသည်။
visitors :      157,724