Toshiba Youth Club Asia Vol.5 (TYCA) အတွက် interview ဖြေဆိုရမည့်သူ စာရင်းကြေညာခြင်း
Toshiba Youth Club Asia Vol.5 (TYCA) အတွက် လျှောက်လွှာတင်ထားသော ကျောင်းသား/သူများမှ အင်္ဂလိပ်စာ စာစီစာကုံး ဖြေဆိုအောင်မြင်သူစာရင်းအား ကြေညာအပ်ပါသည်။ အောင်မြင်သူများမှာ ဒုတိယ အဆင့် လူတွေ့စစ်ဆေးခြင်း (အင်္ဂလိပ်ဘာသာ)ဖြင့် ဖြေဆိုရပါမည်။ interview အချိန်စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
နေ့ရက် - ၇.၁၀.၂၀၁၈ (တနင်္ဂနွေနေ့)
အချိန် - နံနက် ၉း ၃၀ နာရီ မှ ၁၂ နာရီအထိ (၉ နာရီအရောက်လာရမည်)
နေရာ - MAJA Education Center
အမှတ်-၆၆(က)၊ သူရလမ်း၊ (၉)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
2018-10-02