Myanmar Association of Japan Alumni ( MAJA )

JLPT 2022 December ရန်ကုန်စာဖြေဌာနအတွက် ကျောင်းနှင့် ကုမ္ပဏီများ လျှောက်လွှာဝယ်ယူခြင်းနှင့် ပတ်သက်၍


ယနေ့ ကျောင်းနှင့် ကုမ္ပဏီများအတွက် စာမေးပွဲလျှောက်လွှာများ စတင်ရောင်းချပေးရာ လူအရေ အတွက် လွန်စွာများပြားပါသဖြင့်၊ တန်းစီထားသည့်အစဉ်အတိုင်း တိုကင်ဝေ၍ ရောင်းချလျက် ရှိပါသည်။ လက်ရှိအချိန်အထိ တိုကင်ဝေငှပြီးသည့် လူအရေအတွက်သည် ၂၄၀ ဦး ဖြစ်ပြီး၊ အဆိုပါ ဦးရေအတွင်းတွင်ပင် သတ်မှတ်ထားသည့် ရောင်းချမည့် လျှောက်လွှာအရေအတွက် Level အားလုံးစုစုပေါင်း 18,898 စောင် ကုန်ဆုံးမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကျောင်းနှင့် ကုမ္ပဏီများအတွက် စာမေးပွဲလျှောက်လွှာရောင်းချခြင်းအား ရပ်ဆိုင်းမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

လျှောက်လွှာ မဝယ်ယူလိုက်နိုင်သည့်ကျောင်းများသည် ကျောင်းသားများကိုယ်တိုင် တစ်ဦးချင်း လျှောက်လွှာဝယ်ယူခြင်း (သို့) Online မှ လျှောက်လွှာတင်ခြင်းများဖြင့်သာ ဆက်လက်ဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
 

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
(MAJA)

 2022-08-03
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ Meliá Yangon Hotel တွင် ကျင်းပပြုလုပ်ခဲ့သော 16th KAKE International Japanese Speech Contest ၏ အမှတ်တရ ပုံရိပ်များ
visitors :      306,875