ရန်ကုန်မြို့ နှင့် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT 2019 July
၁။စာမေးပွဲကျင်းပမည့်ရက်
၂၀၁၉ခုနှစ်၊ဇူလိုင်လ (၇) ရက် (တနင်္ဂနွေနေ့)
၂။စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့်မန္တလေးမြို့။
၃။လျှောက်လွှာအရောင်းကာလ (ရန်ကုန်)
၂၀.၂.၂၀၁၉ (ဗုဒ္ဓဟူးနေ့) မှ ၁၂.၃.၂၀၁၉ (အင်္ဂါနေ့)
လျှောက်လွှာလက်ခံကာလ (ရန်ကုန်)
Level N5 - ၂၃.၂.၂၀၁၉ (စနေနေ့) မှ ၁.၃.၂၀၁၉ (သောကြာနေ့)
Level N4 - ၂.၃.၂၀၁၉ (စနေနေ့) မှ ၇.၃.၂၀၁၉ (ကြာသပတေးနေ့)
Level N1, N2, N3 - ၈.၃.၂၀၁၉ (သောကြာနေ့) မှ ၁၂.၃.၂၀၁၉ (အင်္ဂါနေ့)
Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား)ပြန်ထုတ်ကာလ (ရန်ကုန်)
၂၂.၃.၂၀၁၉ (သောကြာနေ့) မှ ၆.၄.၂၀၁၉ (စနေနေ့)
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ
နေရာ - MAJA Education Centre
အမှတ်၆၆/A၊ သူရလမ်း နှင့် သူရ(၁)လမ်းထောင့်၊ (၉)ရက်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်။(ပုဏ္ဏမီမှတ်တိုင်)
ဖုန်း - 09 962751373 , 09 262602121
၄။လျှောက်လွှာအရောင်းကာလ (မန္တလေး)
၂၅.၂.၂၀၁၉ (တနင်္လာနေ့) မှ ၇.၃.၂၀၁၉ (ကြာသပတေးနေ့)
လျှောက်လွှာလက်ခံခြင်းနှင့်စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားပြန်လည်ထုတ်ယူခြင်းကာလ (မန္တလေး)
၃.၃.၂၀၁၉ (တနင်္ဂနွေနေ့) မှ ၈.၃.၂၀၁၉ (သောကြာနေ့)
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ
(နေ့လည် ၁၂ နာရီ မှ ၁ နာရီအထိထမင်းစားနားပါမည်။)
နေရာ - MAJA Office ( Mandalay Branch)
1st Floor, MABA, Water Street, Block-1, Unit 6, Mingalar Mandalay, Chan Mya Thar Si Township, Mandalay.
ဖုန်း - 09 255162533
၅။ လျှောက်လွှာကြေး - တစ်စောင် = 1000 Ks
၆။ စာမေးပွဲကြေး -N 1, N2, N3 - 25000 Ks
N4, N5 - 20000 Ks
-------------------------------------------------------------------------------------------------------
လျှောက်လွှာလက်ခံမည့် နည်းလမ်းများ
၁။ လူကိုယ်တိုင်လာရောက်လျှောက်ထားခြင်း။
အထက်ဖော်ပြပါနေရာများတွင် လျှောက်လွှာတစ်စောင် (၁၀၀၀ ကျပ်) ဖြင့် ရယူပြီး လိုအပ်သည့် အချက် အလက် များ ပြည့်စုံ စွာ ဖြည့်သွင်း၍ မှတ်ပုံတင် မိတ္တူ (သို့မဟုတ်) သက်သေခံကဒ်ပြားမိတ္တူ (မိတ္တူပေါ်တွင်အမည် နှင့် မွေးသက္ကရာဇ်ကို အင်္ဂလိပ်စာလုံး အကြီးဖြင့် ရေးပေး ရပါမည်။) နှင့် အတူလူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ ။ ကျောင်းမှ တာဝန်ခံ၍မိမိကျောင်းသားများအတွက် စုစည်းပြီး လာရောက်လျှောက်ထားပါက ဖြေဆိုမည့်ကျောင်းသား/ သူများ၏အမည်၊ မွေးသက္ကရာဇ်တို့ကို N1, N2, N3, N4, N5 Level ခွဲခြား၍ စာရင်းပြုစုထားသောစာရွက် နှင့်အတူ မှတ်ပုံတင် မိတ္တူ (သို့မဟုတ်) သက်သေခံကဒ်ပြားမိတ္တူ (မိတ္တူပေါ်တွင် အမည်ကို အင်္ဂလိပ်စာလုံးအကြီးဖြင့် ရေးပေးရပါမည်။) ပါပူးတွဲ တင်ပေး ရပါမည်။
၂။ E-mail ဖြင့်လျှောက်ထားခြင်း။
(က) လျှောက်လွှာများကို မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း Website Link https://www.ascoja-maja.org.mm/frontend/JLPT မှ အခမဲ့ Download ရယူပြီး Computer ဖြင့် လိုအပ်သည့်အချက်အလက်များ ဖြည့်သွင်းပြီးလျှောက်လွှာနှင့် မှတ်ပုံတင် မိတ္တူ (သို့မဟုတ်) သက်သေခံကဒ်ပြားမိတ္တူ (မိတ္တူပေါ်တွင် အမည်နှင့် မွေးသက္ကရာဇ်ကို အင်္ဂလိပ်စာလုံးအကြီးဖြင့် ရေးပေးရပါမည်။) ကို Attachment တွဲပြီး ပေးပို့လျှောက်ထားပါ။ ရန်ကုန်တွင် လျှောက်လွှာတင်ပြီး ရန်ကုန်တွင် ဖြေဆိုမည့်သူများ jlptmyn.ygn@gmail.com သို့ပေး ပို့လျှောက်ထားပါ။ မန္တလေးတွင် လျှောက်လွှာတင်ပြီး မန္တလေးတွင် ဖြေဆိုမည့်သူများ jlptmyn.mdy@gmail.com သို့ ပေးပို့လျှောက် ထားပါ။ လျှောက်လွှာ လက်ခံရရှိသည့် အကြောင်းကြားစာ ရပြီးလျှင် အထက်ဖော်ပြပါ လျှောက်လွှာလက်ခံသည့် နေရာများ သို့ လျှောက်လွှာလက်ခံကာလအတွင်း စာမေးပွဲကြေးပေးသွင်းပြီး လျှောက်ထားပါ။ (စာမေးပွဲကြေးကို အထက်ပါ လျှောက်လွှာ လက်ခံမည့် နေရာများတွင် ပေးသွင်းပြီးမှသာ ခုံနံပါတ်ရရှိမည်ဖြစ်ပါသည်။)
(ခ) လျှောက်ထားပြီး ၂၄ နာရီအတွင်း Reply မရပါကတိုက်ရိုက်ဖုန်းဆက်ပြီးဆက်သွယ်ပါ။
၃။ ရန်ကုန်မြို့တွင် လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို အထက်ဖော်ပြပါ သတ်မှတ်ရက် အတွင်းသာ ပြန်လည်ထုတ်ယူရပါမည်။
၄။မန္တလေးမြို့တွင်လျှောက်ထားသောသူများအနေဖြင့်စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကိုလျှောက်လွှာလက်ခံကာလအတွင်း တစ်ပါတည်း ပြန်လည်ထုတ်ယူနိုင်ပါမည်။
၅။ အသေးစိတ်သိရှိလိုသည်များကို MAJA Website တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။
https://www.ascoja-maja.org.mm/frontend/JLPT
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ နှင့် ပါတ်သက်၍ အသေးစိတ်သိရှိလိုပါက
ဖုန်း- ၀၉ ၉၆၂၇၅၁၃၇၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
Updated on 28-02-2019
JLPT 2019 July အတွက် စာမေးပွဲဖြေဆိုမည့်သူများ email ဖြင့်ပေးပို့လျှောက်ထားခြင်း (သို့မဟုတ်) online form ဖြင့်လာရောက်လျှောက်ထားခြင်းသာ ရနိုင်တော့မည်ဖြစ်ကြောင်း
မင်္ဂလာပါရှင်။
MAJA Education Centre တွင် ရောင်းချပေးနေသော လျှောက်လွှာများမှာ ကုန်သွားပြီဖြစ်ပါတယ်။ သို့သော်လည်း အောက်ပါနည်းလမ်းများဖြင့် လျောက်ထားနိုင်ပါသည်။ အထက်ပါ MAJA website link မှ လျှောက်လွှာကို download ဆွဲကာ computer ဖြင့် လိုအပ်သည့် အချက်အလက်များကို ဖြည့်သွင်းပြီး print out ထုတ်ပြီး မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) သက်သေခံကဒ်ပြားမိတ္တူ နှင့်အတူ လူကိုယ်တိုင်လာ ရောက်လျှောက်ထား၍သော်လည်းကောင်း၊ email သို့ ပေးပို့၍သော်လည်းကောင်း လျှောက်ထားနိုင်ပါ သည်။
www.ascoja-maja.org.mm/ascoja/asserts/kcfinder/upload/files/application_form_2019A%28writable%29.pdf
www.ascoja-maja.org.mm/ascoja/asserts/kcfinder/upload/files/test_voucher%28back%29_2019A.pdf
www.ascoja-maja.org.mm/ascoja/asserts/kcfinder/upload/files/test_guide_2019A.pdf
❗️Download ဆွဲသော လျှောက်လွှာများကို လက်ရေးဖြင့် ဖြည့်သွင်းထားပါက လက်မခံပါ။
⚠️computer ဖြင့်သာ ဖြည့်သွင်းရပါမည်။
ရောင်းချပေးနေသော လျှောက်လွှာများ ကုန်သွားပါသဖြင့် စိတ်မကောင်းပါဘူးရှင်။ စာမေးပွဲဖြေဆို မည့်သူများ အား အဆင်မပြေမှုများ ဖြစ်ပွားစေသည့်အတွက် နားလည်ပေးစေလိုပါတယ်ရှင်။
MAJA
ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ(JLPT) ဖြေဆိုမည့်သူများသို့ အကြောင်းကြားခြင်း
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်း အသင်း (MAJA)တို့နှင့် ပူးပေါင်းပြီး တစ်နှစ်လျင်နှစ်ကြိမ်(ဇူလိုင်လနှင့်ဒီဇင်ဘာလ)၊ ရန်ကုန်မြို့နှင့်
မန္တလေးမြို့တို့တွင် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲကို ကျင်းပလျက်ရှိပါသည်။
လွန်ခဲ့သောနှစ်အနည်းခန့်မှစ၍ မြန်မာနိုင်ငံ၏ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုသူဦးရေမှာ လျင်မြန်စွာတိုးမြင့်လာနေပြီး ၎င်းနှင့်အတူ စာမေးပွဲကို ပထမဦးဆုံးဖြေဆိုကြမည့်သူများလည်း တိုးမြင့် လာသည့်အခြေအနေအပေါ် အထူးဂရုပြုရမည့် အချက်များကို စာမေးပွဲဖြေဆိုမည့်သူများအား အသိပေး အကြောင်းကြားပါသည်။
နောက်တစ်ကြိမ်ကျင်းပမည့် ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ(၂၀၁၉ခုနှစ်၊ဇူလိုင်လ)မှစ၍၊ စည်းကမ်း ချက်များ တင်းကျပ်သွားမည် ဖြစ်သည့်အတွက် စာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် စည်းကမ်းချက်များ ကို သေချာစွာ နားလည်သဘောပေါက်ပြီး စာမေးပွဲကိုဖြေဆိုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၁။ စာမေးပွဲဖြေဆိုမည့်နေ့တွင် အမှန်တကယ်ဖြေဆိုမည့်သူဟုတ်၊မဟုတ် စစ်ဆေးနိုင်ရန်အတွက် အစိုးရအဖွဲ့အစည်းများမှ အသိအမှတ်ပြု ထုတ်ပေးထားသည့် ဓါတ်ပုံပါသက်သေခံကတ်မူရင်းကို သေချာစွာ ယူဆောင်လာကြပါရန်
(မှတ်ပုံတင်ကတ်ပြား၊ ကားမောင်းလိုင်စင်ကတ်ပြား၊ နိုင်ငံကူးလက်မှတ်၊ အထက်တန်းကျောင်း၊ တက္ကသိုလ်များမှ ထုတ်ပေးထားသည့် ကျောင်းသားကဒ် မူရင်းများ ဖြစ်ရမည်)။
မပါရှိပါက ဖြေဆိုခွင့်ရမည် မဟုတ်ကြောင်း ကြိုတင်ရှင်းလင်း ပြောကြားအပ်ပါသည်။
၂။ [ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့်ရလဒ် လက်မှတ်]နှင့်[ဂျပန်စာအရည်အချင်းလက်မှတ်] တို့တွင် ဖော်ပြထားသည့် အမည်၊မွေးသက္ကရာဇ်များမှာ လျှောက်လွှာတွင် ဖော်ပြထားသည်နှင့် ကွဲပြား နေပါက ထုတ်ပေးပြီးနောက် တစ်နှစ်အတွင်းတွင် အမှားပြင်ဆင်ပြီး ပြန်လည်ထုတ်ပေးသွားပါမည်။ ထိုသို့ အမှားပြင်ဆင်ခြင်းအတွက်လျှောက်ထားရာတွင် အင်္ဂလိပ်စာလုံးဖြင့် မိမိနာမည်ကို အပြည့်အစုံ ဖော်ပြထားသည့်မျက်နှာဓါတ်ပုံုပါ သက်သေခံကတ်ပြားကို ယူဆောင်လာရပါမည်။ ယာဉ်မောင်းလိုင်စင်၊ နိုင်ငံကူးလက်မှတ်၊ တက္ကသိုလ်ဘွဲ့လက်မှတ် အစရှိသည့် သက်သေခံ ကတ်ပြား မပါရှိပါက သတ်မှတ် စည်းကမ်းများအရ ပြင်ဆင်မှုကို လက်ခံမည်မဟုတ်ပါ။ ဤစည်းကမ်းချက်များကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့ မှစတင်ပြီး လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
<စုံစမ်းမေးမြန်းရန်>
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
အမှတ်(၁၀၀)၊နတ်မောက်လမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
ဖုန်း၊ ၀၁ ၅၄၉၆၄၄-၄၈