Myanmar Association of Japan Alumni ( MAJA )

2022 December JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန်


၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ () ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား များအား ၁၈.၁၁.၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ Online မှ လျှောက်လွှာတင် ထားသူများ အနေဖြင့်လည်း သတ်မှတ်ရက်အထိ Online System မှတစ်ဆင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား များအား Download ရယူနိုင်ပြီး၊ အဆိုပါကတ်ပြားများအား Print ထုတ်၍ စာဖြေဌာနသို့ ယူဆောင်လာရမည် ဖြစ်ပါသည်။

အထူးသတိပြုရန်မှာ -

Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) နှင့်အတူ အောက်ပါသတ်မှတ်ထားသော သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင်စာမေးပွဲဖြေဆိုခွင့် လုံးဝ မပြုပါကြောင်း ထပ်မံသတိပေးအပ်ပါသည်။

သတ်မှတ်ထားသော သက်သေခံကတ်ပြားများ

() မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)

() ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှ လွဲ၍ ကျန်ယာဉ်မောင်းလိုင်စင်များ အားလုံး အကျုံးဝင်ပါသည်။)

() နိုင်ငံကူးလက်မှတ်

() မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

() ကျောင်းသားကတ်

( - က) အကျုံးဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ

၁။ အစိုးရမူလတန်း/အလယ်တန်း/အထက်တန်းကျောင်း ကျောင်းသားကတ်များ

၂။ တက္ကသိုလ်/ကောလိပ် ကျောင်းသားကတ်များ

၃။ ကိုယ်ပိုင်ကျောင်း၊ International Schools နှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း ကျောင်းသားကတ်များ

( - ) အကျုံးမဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ

၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ အရှေ့စာသင်နှစ်များမှ ကျောင်းသားကတ်များ

၂။ ဘာသာစကားသင်တန်းကျောင်းအပါအဝင် အခြားသင်တန်းကျောင်းများမှ ကျောင်းသားကတ်များ

၃။ တက္ကသိုလ်ဝင်တန်း ယာယီဖြေဆိုခွင့်ကတ်

အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်စာဖြေဌာန - ၀၉-၉၈၆၀၉၃၆၃၇၊ ၀၉-၄၂၈၇၅၆၇၄၆) နှင့် (မန္တလေးစာဖြေဌာန - ၀၉-၂၅၅၁၆၂၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2022-12-03
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ Meliá Yangon Hotel တွင် ကျင်းပပြုလုပ်ခဲ့သော 16th KAKE International Japanese Speech Contest ၏ အမှတ်တရ ပုံရိပ်များ
visitors :      306,875