Myanmar Association of Japan Alumni ( MAJA )

YU HLAING စာဖြေဌာနသို့ သွားရောက် ဖြေဆိုကြမည့် ကျောင်းသား/သူများ သတိပြုရန်။


ဇူလိုင်လ ()ရက်နေ့ တွင် YU H ( ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ) စာဖြေဌာန၌ JLPT စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကား(တက္ကစီ၊ အိမ်စီးကား) ဖြင့် လာရောက်မည်ဆိုပါက ပါရမီလမ်း MICT ဝင်ပေါက် (အင်းလေးဆောင်အနီး) မှတဆင့် သမိုင်းကောလိပ်လမ်းသို့ ဝင်ရောက်မောင်းနှင် ကြရမည် ဖြစ်ပါသည်။

(သမိုင်းကောလိပ်လမ်းမှာ တစ်လမ်းမောင်း ဖြစ်ပါသည်။)

ကျောင်းသား၊သူများအား ပို့ပြီးပြန်ထွက်ရာတွင် ယောဂီကျောင်းလမ်း မှ တစ်ဆင့် အင်းစိန်လမ်းသို့ လည်းကောင်း၊ ပြည်လမ်း သို့ လည်ကောင်း ပြန်လည် ထွက်ခွာပေးကြရမည်ဖြစ်ပါသည်။

ဘတ်စ်ကားဖြင့်လာသူများသည် ပြည်လမ်း၊ ကျောင်းကွေ့မှတ်တိုင်တွင်ဆင်းပြီး၊ လမ်းလျှောက်ဝင်ရောက် နိုင်ပါသည်။

မြေပုံတွင်လမ်းကြောင်းအားမြှားအနီဖြင့်ညွှန်ပြထားပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2023-06-30
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ Meliá Yangon Hotel တွင် ကျင်းပပြုလုပ်ခဲ့သော 16th KAKE International Japanese Speech Contest ၏ အမှတ်တရ ပုံရိပ်များ
visitors :      306,872