Myanmar Association of Japan Alumni ( MAJA )

Online Application (ရန်ကုန်/မန္တလေး) Level N3၊ (ရန်ကုန်/ မန္တလေး) Level N4၊ (မန္တလေး) Level N5၊ (ရန်ကုန်) Level N5 လျှောက်လွှာလက်ခံမှုများ ပြီးဆုံးပြီဖြစ်ကြောင်း၊ “Request Special Testing Accommodation”၊ အသုံးပြုသူအချက် အလက်ပြန်လည်ပြင်ဆင်ခြင်း


Online Application (ရန်ကုန်/မန္တလေး) Level N4 လျှောက်လွှာလက်ခံမှု ပြီးဆုံးပြီဖြစ်ကြောင်း အသိပေးကြေငြာခြင်း။

2024 ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ Level N4 အတွက် သတ်မှတ်ထားသည့် လျှောက်လွှာအ‌‌ရေအတွက် ပြည့်ပြီဖြစ်ပါသဖြင့် 19.3.2024 ရက်နေ့ 6:15မိနစ် တွင် ရန်ကုန်စာဖြေဌာနနှင့် 6:13 မိနစ်အချိန်တွင် မန္တလေးစာဖြေဌာနအတွက် Online Application မှ N4 လျှောက်လွှာလက်ခံမှု ပြီးဆုံးပြီဖြစ်ပါသည်။

ယနေ့ လျှောက်လွှာလက်ခံရာတွင် မူလသတ်မှတ်ထားသည့် အရေအတွက်ထက်ပိုမိုတိုးမြှင့်လက်ခံခဲ့ပြီးဖြစ်ပါသည်။

ကျင်းပပြုလုပ်ခွင့်ရသည့် အရေအတွက်အတိုင်းသာ လက်ခံရသည်ဖြစ်ပါသဖြင့်၊ ယခုထက်ပိုမို လက်ခံနိုင်တော့မည် မဟုတ်ပါကြောင်းနှင့် 2024 ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ၏ N4 Level အတွက် လျှောက်လွှာလက်ခံခြင်း ပြီးစီသွားပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

ဆက်သွယ်ရန်

01-7571015 (Ext: 1)

Online Application (မန္တလေး) Level N5 လျှောက်လွှာလက်ခံမှု ပြီးဆုံးပြီဖြစ်ကြောင်း အသိပေးကြေငြာခြင်း။

၂၀၂၄ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ Level N5 အတွက် သတ်မှတ်ထားသည့် လျှောက်လွှာအ‌‌ရေအတွက် ပြည့်ပြီဖြစ်ပါသဖြင့် ၁၈..၂၀၂၄ ရက်နေ့ နေ့လည် ၁၁း၅၈ မိနစ် အချိန်တွင် မန္တလေးစာဖြေဌာနအတွက် Online Application မှ N5 လျှောက်လွှာလက်ခံမှု ပြီးဆုံးပြီဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

ဆက်သွယ်ရန်

01-7571015 (Ext: 1)

Online Application (ရန်ကုန်) Level N5 လျှောက်လွှာလက်ခံမှု ပြီးဆုံးပြီဖြစ်ကြောင်း အသိပေးကြေငြာခြင်း။

၂၀၂၄ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ Level N5 အတွက် သတ်မှတ်ထားသည့် လျှောက်လွှာအ‌‌ရေအတွက် ပြည့်ပြီဖြစ်ပါသဖြင့် ၁၈..၂၀၂၄ ရက်နေ့ နေ့လည် ၃း၃၄ မိနစ် အချိန်တွင် ရန်ကုန်စာဖြေဌာနအတွက် Online Application မှ N5 လျှောက်လွှာလက်ခံမှု ပြီးဆုံးပြီဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

ဆက်သွယ်ရန်

01-7571015 (Ext: 1)

“Request Special Testing Accommodation” နှင့်ပတ်သတ်၍

၂၀၂၄ ခုနှစ် ဇူလိုင်လ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် Online Application Form လျှောက်ထားသော စာဖြေသူများအနေဖြင့် “Request Special Testing Accommodation” လျှောက်ထားရန် အမှန်တကယ်လိုအပ်သူများသည် ၂၇..၂၀၂၄ ရက်နေ့ ညနေ ()နာရီ နောက်ဆုံးထား၍ ဖုန်းနံပါတ် (01- 757 10 15) သို့ ဆက်သွယ်လျှောက်ထားပေးရန် လိုအပ်ပါမည်။

“Request Special Testing Accommodation” သည် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု၊ တခြားသော ချို့ယွင်းချက်ရှိပြီး အထူးကုသမှု ခံယူရန်လိုအပ်သူများအတွက်သာ (ဥပမာ-အမြင်/အကြားအာရုံချို့ယွင်းမှု၊ ကိုယ်လက်အင်္ဂါချို့ယွင်းမှု) ဖြစ်ပါသောကြောင့် အမှန်တကယ်တောင်းဆိုရန် လိုအပ်သူများသာ လျှောက်ထားရမည်ဖြစ်ပါသည်။

ဖော်ပြပါသတ်မှတ်ရက်အတွင်း ဆက်သွယ်ခြင်းမရှိပါက “Request Special Testing Accommodation” အား ပြုလုပ်ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်းနှင့် လျှောက်ထားသူများအနေဖြင့် ဆရာဝန်ထောက်ခံချက်စာရွက်၊ ဆေးမှတ်တမ်း၊ ဆေးစစ်ချက်စာရွက်စာတမ်းများ ကိုလည်း တင်ပြပေးရမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

ဆက်သွယ်ရန်

01-757 10 15 (ext -1)

အသုံးပြုသူအချက်အလက်ပြန်လည်ပြင်ဆင်ခြင်း

အသုံးပြုသူအချက်အလက်ပြန်လည်ပြင်ဆင်လိုပါက ဒေတာပြန်လည်ပြင်ဆင်နိုင်မည့်ကာလ (၂၁..၂၀၂၄ မှ ၂၇..၂၀၂၄) ရက်နေ့အတွင်း ပြင်ဆင်ခြင်းအား လက်ခံသွားပါမည်။

လျှောက်လွှာအတည်ပြုပြီးပါက လျှောက်ထားသူသည်အသုံးပြုသူအချက်အလက်ခလုတ်ကိုနှိပ်၍ အချက်အလက်များ ပြန်လည်ပြင်ဆင်နိုင်ပါသည်။

မူလလျှောက်ထားသူနှင့် မတူကွဲပြားသည့် ပြင်ဆင်မှုများအား လက်ခံပြင်ဆင်ပေးသွားမည်မဟုတ်ပါ။

အချက်အလက်ပြင်ဆင်ရာတွင် အပိုင်း () ပိုင်းခွဲပြီး ပြင်ဆင်ရန် ပြုလုပ်ထားပါသည်။

) ဖြေဆိုသူ၏သီးသန့် အချက်အလက်များ ပြင်ဆင်ခြင်း

ဖြေဆိုသူ၏သီးသန့်အချက်အလက်များဖြစ်သည့် ပရိုဖိုင်ပုံ၊ နာမည်အပြည့်အစုံ၊ သက်သေခံကတ်နံပါတ်၊ ကျား/မ၊ မွေးသက္ကရာဇ် နှင့် လက်မှတ် စသည်တို့ကို MAJA သို့ တောင်းဆိုရန်အတွက်ပြုပြင်ရန် တောင်းဆိုမည်ခလုတ်ကိုနှိပ်၍ ပြင်ဆင်နိုင်ပါသည်။

ဖြေဆိုသူ၏သီးသန့် အချက်အလက်များ ပြင်ဆင်ရာတွင် ()ခုထက်ပို၍ ပြင်ရန် System မှ ခွင့်မပြုပါ။ ပြင်ဆင်လိုသည့် နေရာအား ဘယ်ဘက်တွင် ဖော်ပြထားသည့်နေရာတွင် အမှန်ခြစ်ရွေးချယ်ပြီး ပြင်ဆင်ပါ။ မိမိပြင်ဆင်လိုသည့်အချက်အလက်များ ပြင်ဆင်ပြီးပါကတောင်းဆိုမည်ခလုတ်ကိုနှိပ်ပါ။

အောက်ဖော်ပြပါ စာသားဖြင့် ပြင်ဆင်ခွင့်အား စစ်ဆေးနိုင်ပါသည်။

ADMIN_REQUEST: MAJA မှ လျှောက်ထားသူ၏ အချက်အလက်များပြင်ဆင်ရန် လိုအပ်သည်ကို ဖော်ပြထားခြင်းဖြစ်သည်။

APPROVED: MAJA မှ တောင်းဆိုထားသည့်ပြင်ဆင်ခွင့်အား အဆင်ပြေကြောင်းအတည်ပြုပါသည်။

PENDING: MAJA မှ ပြင်ဆင်ခွင့်အား အတည်မပြုရသေးပါ။ (ပြင်ဆင်ခွင့်တင်ပြီးနောက် ရက်အတွင်း အတည်မပြုသေးပါက MAJA သို့ဆက်သွယ်အကြောင်းကြားပါ။)

CANCELLED: MAJAမှ လျှောက်ထားသူ၏ ပြင်ဆင်ချက်များလိုအပ်နေပါသဖြင့် ထပ်မံပြင်ဆင်ရန်။

REJECTED: လျှောက်ထားသူ၏ အချက်အလက်များတွင် မမှန်ကန်မှုများ တွေ့ရှိသောကြောင့် MAJA မှ လျှောက်ထားသူအား ပြင်ဆင်ခွင့်မပေးပါ။

) ) မိမိ၏ ဆက်သွယ်ရမည့် အချက်အလက်များ ပြင်ဆင်ခြင်း

ဖြေဆိုသူ၏ အီးမေးလ်၊ လိပ်စာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ် စသည်တို့ကို ကိုယ်တိုင်ပြင်ဆင်ပြီးပါကအစမ်းကြည့်မည်ခလုတ်ကို နှိပ်၍ အချက်အလက်မှန်ကန်ပါကသိမ်းမည်ခလုတ်ကိုနှိပ်၍ သိမ်းဆည်းနိုင်ပါမည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

ဆက်သွယ်ရန်

01-7571015 (ext-1)

 

 2024-03-24
2024 October Intake Language School လျှောက်ထားလိုသူများ အတွက် သတင်းကောင်း Please see MEC.
visitors :      152,715