Myanmar Association of Japan Alumni ( MAJA )

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃)ရက် JLPT - အမှားပြင်ဆင်ရန် တင်ထားသည့် အောင်လက်မှတ်များ ထုတ်ယူခြင်းနှင့် ပတ်သက်၍ (နောက်ဆုံးအသုတ်)


၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃)ရက် နေ့ JLPT စာမေးပွဲ အောင်လက်မှတ်များတွင် အမည်စာလုံးပေါင်း၊ မွေးသက္ကရာဇ် စသည့်အချက်အလက်များ အမှားပြင်ဆင်ရန်လျှောက်ထားသော စာဖြေသူများ၏ အောင်လက်မှတ်များအား ပြင်ဆင်ပြီး ပြန်လည်ပေးပို့လာသည် ဖြစ်ပါသဖြင့် အောက်‌ဖော်ပြပါအတိုင်း ပြန်လည်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
 
ပြန်လည်ထုတ်ယူရာတွင် ကာယကံရှင်၏ သက်သေခံကတ်ပြား မူရင်းနှင့် မိတ္တူတစောင် ယူဆောင်လာရပါမည်။
ယခုပြန်လည်ရောက်ရှိလာသော အောင်လက်မှတ်များသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အောင်လက်မှတ်များ အမှားပြင်ဆင်ခြင်းအတွက် နောက်ဆုံးအသုတ်ဖြစ်ပါသဖြင့် ထပ်မံရောက်ရှိရန်မရှိတော့ပါ။

ရန်ကုန်စာဖြေဌာနများတွင်ပြင်ဆင်ခွင့်တင်ခဲ့သူများ
နေရာ။       ။ JLPT Centre (MAJA)
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဉ်အိမ်ရာ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
နေ့ရက်။    ။ ၂၀.၁.၂၀၂၅ ရက်မှစတင်၍ ထုတ်ယူနိုင်ပါသည်။
အချိန်  ။    ။ မနက် ၉း၃၀ မှ ညနေ ၄း၃၀ ထိ။
                  (ထမင်းစားချိန် ၁၂ နာရီ မှ ၁နာရီထိ) အစိုးရရုံးပိတ်ရက် နှင့် စနေ၊ တနင်္ဂနွေ ပိတ်ပါသည်။

မန္တလေးစာဖြေဌာနများတွင်ပြင်ဆင်ခွင့်တင်ခဲ့သူများ
နေရာ။       ။ MAJA Office (Mandalay Branch)
                  ပထမထပ်၊ တိုက် (၁)၊ အခန်း (၆)၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
နေ့ရက်။    ။ ၂၀.၁.၂၀၂၅ ရက်မှစတင်၍ ထုတ်ယူနိုင်ပါသည်။
အချိန်  ။    ။ မနက် ၉း၃၀ မှ ညနေ ၄း၃၀ ထိ။
                  (ထမင်းစားချိန် ၁၂ နာရီ မှ ၁နာရီထိ) အစိုးရရုံးပိတ်ရက် နှင့် စနေ၊ တနင်္ဂနွေ ပိတ်ပါသည်။

မှတ်ချက်။   ။ ပြင်ဆင်ထားသည့်အောင်လက်မှတ်များအား စတင်ထုတ်ယူနိုင်သည့်ရက်မှ စတင်၍ (၁)နှစ် အတွင်း ထုတ်ယူနိုင်ပါမည်။ ပြင်ဆင်ပြီးစီးသည့် အောင်လက်မှတ်အား ပြင်ဆင်ရန် ထပ်မံပြင်ဆင်ခွင့် မရှိပါ။ အောင်လက်မှတ်တခုအား တကြိမ်သာ ပြန်လည်ပြင်ဆင်ရန် လျှောက်ထားနိုင်ပြီး လျှောက်ထားသည့်အခါတွင်လဲ မိမိပြင်ဆင်လိုသည်အား သေချာစွာ စစ်ဆေးလျှောက်ထားရန် လိုအပ်ပါသည်။

JLPTစာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း


 2025-01-16
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ Meliá Yangon Hotel တွင် ကျင်းပပြုလုပ်ခဲ့သော 16th KAKE International Japanese Speech Contest ၏ အမှတ်တရ ပုံရိပ်များ
visitors :      306,872