Myanmar Association of Japan Alumni ( MAJA )

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုခြင်းနှင့် ပတ်သက်၍


၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ စာမေးပွဲ ရလဒ် များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၊ ၃၁ ရက်နေ့ ( သောကြာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ မှ စတင်ကြည့်ရှုနိုင်ခဲ့ပါသည်။

အဆိုပါ စာမေးပွဲရလဒ်အား ကြည့်ရှုရာတွင် စာမေးပွဲလျှောက်လွှာလျှောက်ထားခဲ့စဉ်က စာဖြေသူများကိုယ်တိုင် ရေးသွင်းခဲ့ရသော passcode နေရာတွင် ရှေ့ဆုံးနံပါတ် “0”  နှင့် စတင်ကာ ရေးသွင်းခဲ့သူများ နှင့် ဂဏန်းတူ (၈) လုံး ရေးသွင်းခဲ့သော စာဖြေသူအချို့၏ စာမေးပွဲရလဒ် ဝင်ရောက်ကြည့်ရှု၍ မရရှိကြောင်း အကြောင်းကြားမှုများ လက်ခံရရှိထားပါသည်။

သို့ဖြစ်ပါသောကြောင့် စာမေးပွဲလျှောက်လွှာလျှောက်ထားခဲ့စဉ်က အချက်အလက်(Data)များအား စစ်ဆေးရာတွင် ရှေ့ဆုံးနံပါတ် “0”  နှင့် စတင်ကာ ရေးသွင်းခဲ့သူများ အနေဖြင့် ရှေ့ဆုံးနံပါတ် “0” ပေါ်မနေခြင်း၊ ဂဏန်းတူ (၈) လုံး ရေးသွင်းခဲ့သော စာဖြေသူအချို့မှာ ဂဏန်း(၈)လုံးပြည့်မနေခြင်းများ တွေ့ရှိရပါသည်။

အဆိုပါအကြောင်းအရင်းများကြောင့်  စာမေးပွဲရလဒ် ဝင်ရောက်ကြည့်ရှု၍ မရသော စာဖြေသူများအနေဖြင့် အောက်ပါ Google Form မှတဆင့် (၁၅.၂.၂၀၂၅) ရက်‌နေ့ ညနေ (၄) နာရီ နောက်ဆုံးထားစာရင်းပေးနိုင်ပါသည်။
Google Form Link – https://forms.gle/66kTgH5qha7GeYqeA
(ဖုန်းဖြင့် ဆက်သွယ်စာရင်းပေးသွင်းထားပြီးသူများ ထပ်မံဖြည့်သွင်းရန်မလိုအပ်ပါ။)

စာရင်းပေးသွင်းသော အချက်အလက်များအား Japan Foundation (Yangon) မှ တဆင့် Japan Test Centre သို့ ပေးပို့ပြီး၊ စာမေးပွဲရလဒ်အား ကြည့်ရှုစစ်ဆေးသွားမည် ဖြစ်ပါသည်။ ရလဒ်များကို MAJA မှ ပြန်လည်သိရှိပါက စာရင်းပေးပို့ထားသော စာဖြေသူများထံသို့ အကြောင်းကြား သွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရန်
01-757 10 15 (Ext 1)
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2025-02-04
1. ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲ ရလဒ် အကြောင်းပြန်ကြားခြင်းနှင့် ပတ်သက်၍ 2. ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲလျှောက်လွှာလက်ခံခြင်းနှင့်ပတ်သက်၍
visitors :      180,616