စာဖြေသူများ လျှို့ဝှက်နံပါတ်(Passcode) ဖြည့်သွင်းခြင်းနှင့် ပတ်သက်၍-
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်ထားမည့် သင်တန်းကျောင်းများနှင့် တစ်ဦးချင်းအလိုက် လျှောက်ထားမည့် စာဖြေသူများအနေဖြင့် စာမေးပွဲလျှောက်လွှာ(Application Form)၏ လျှို့ဝှက်နံပါတ် (Passcode)အား ဂဏန်း (၈) လုံးဖြင့်သာ သတ်မှတ်ရမည်ဖြစ်သည်။
လျှို့ဝှက်နံပါတ် သတ်မှတ်ရာတွင် အောက်ဖော်ပြပါအချက်များအားသတိပြု၍ ဖြည့်သွင်းပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်။
• ပထမဂဏန်းသည် သုည “0” ဖြစ်၍ မရပါ။
• ဂဏန်း ၈လုံးသည် အားလုံးတူညီသော ဂဏန်းဖြစ်၍ မရပါ။
• စာလုံး(Alphabet) နှင့် သင်္ကေတများ ပါဝင်၍ မရပါ။
• ဂဏန်း ၈လုံး ပြည့်အောင် ဖြည့်သွင်းပေးရမည်။
အဆိုပါ အချက်များအတိုင်းဖြည့်သွင်းထားသော လျှို့ဝှက်နံပါတ် ပိုင်ရှင်စာဖြေသူများအနေဖြင့် စာမေးပွဲရလဒ် (online result) ကြည့်ရှုရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်ပါသောကြောင့် ဂရုပြုဖြည့်သွင်းပေးပါရန် တိုက်တွန်းအပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း