Myanmar Association of Japan Alumni ( MAJA )

“Request Special Testing Accommodation” နှင့်ပတ်သတ်၍


၂၀၂၅ ခုနှစ် ဇူလိုင်လ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် Online Application Form (School/Individual) လျှောက်ထားသော စာဖြေသူများ အနေဖြင့် “Request Special Testing Accommodation” လျှောက်ထားရန် အမှန်တကယ်လိုအပ်သူများသည် ၈.၃.၂၀၂၅ ရက်မှစ၍ ၁၆.၃.၂၀၂၅ ရက်နေ့ ညနေ (၄)နာရီ နောက်ဆုံးထား၍ ဖုန်းနံပါတ်   (01- 757 10 15) သို့ ဆက်သွယ်လျှောက်ထားပေးရန် လိုအပ်ပါမည်။

“Request Special Testing Accommodation” သည် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု၊ တခြားသော ချို့ယွင်းချက်ရှိပြီး အထူးကုသမှု ခံယူရန်လိုအပ်သူများအတွက်သာ (ဥပမာ-အမြင်/အကြားအာရုံချို့ယွင်းမှု၊ ကိုယ်လက်အင်္ဂါချို့ယွင်းမှု) ဖြစ်ပါသောကြောင့် အမှန်တကယ်တောင်းဆိုရန် လိုအပ်သူများသာ လျှောက်ထားရမည်ဖြစ်ပါသည်။

ဖော်ပြပါ သတ်မှတ်ရက်အတွင်း ဆက်သွယ်ခြင်းမရှိပါက “Request Special Testing Accommodation” အား ပြုလုပ်ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်းနှင့် လျှောက်ထားသူများအနေဖြင့် ဆရာဝန်ထောက်ခံချက်စာရွက်၊ ဆေးမှတ်တမ်း၊ ဆေးစစ်ချက်စာရွက်စာတမ်းများ ကိုလည်း တင်ပြပေးရမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန်
01-757 10 15 (ext -1)

 2025-03-08
၂၀၂၅ ခုနှစ်၊ မေလ တွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သက်၍
visitors :      187,885