Myanmar Association of Japan Alumni ( MAJA )

မန္တလေးစာဖြေဌာနမှ စာမေးပွဲလျှောက်ထားမှု ပယ်ဖျက်သူများ စာရင်း ကြေငြာခြင်း (N5 Level)


မန္တလေးစာဖြေဌာနအတွက် လျှောက်ထားခဲ့သည့် စာဖြေသူများအား Level အားလုံး ရန်ကုန်မြို့တွင် ပြောင်းလဲ‌ ဖြေဆိုသွားရမည်ဖြစ်ကြောင်း နှင့် ပြောင်းရွှေ့ဖြေဆိုလိုခြင်း မရှိ၍ စာမေးပွဲဖြေဆိုရန်ပယ်ဖျက် (Cancel)လျှောက်ထားသူများအား ၂၀၂၅ ဧပြီလ ၂၅ ရက်နေ့ မှ ၂၀၂၅ မေလ ၁၂ ရက်နေ့ အတွင်း  Google Form ဖြင့်လက်ခံခဲ့ပြီး ဖြစ်ပါသည်။

“မန္တလေးစာဖြေဌာနတွင် ကျင်းပပြုလုပ်မည့်  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (JLPT) စာမေးပွဲအား ဖြေဆိုမည့် နေရာပြောင်းရွေ့ခြင်း။”
ကြေငြာချက်Link >> https://www.facebook.com/share/p/1CYnppKYUA/?mibextid=wwXIfr

စာရင်းပေးသွင်းသူများမှ စာမေးပွဲကြေးပြန်လည်ထုတ်ယူနိုင်သော စာရင်းအား ပူးတွဲပါအတိုင်း ကြေငြာအပ်ပါသည်။ ပူးတွဲပါစာရင်းတွင်ပါရှိသော လျှောက်ထားသူများ အတွက် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့ မှ (၆)ရက်နေ့အတွင်း Google Formတွင် ဖြည့်သွင်းခဲ့သော KBZ PAY နံပါတ်များသို့ စာမေးပွဲကြေး (N1 , N2 , N3 - ၄၇၀၀၀ ကျပ်/ N4 , N5 - ၄၂၀၀၀ ကျပ်)ပြန်လည်လွှဲပေးသွားမည်ဖြစ်ပါသည်။

မှတ်ချက်
• စာမေးပွဲကြေးပြန်လည်ထုတ်ယူထားသော စာဖြေသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူနိုင်မည်မဟုတ်ပါ။
• လက်ခံကာလအတွင်း စာရင်းပေးသွင်းလျှောက်ထားခဲ့ခြင်းမရှိသော စာဖြေသူများအား စာမေးပွဲကြေး ပြန်လည်ပေးအပ်သွားမည် မဟုတ်ပါ။
• ရန်ကုန်စာဖြေဌာနမှစာဖြေသူများ ဝင်ရောက်လျှောက်ထားကြောင်း တွေ့ရှိရပါသော်လည်း ရန်ကုန်စာဖြေဌာနမှာ အပြောင်းအလဲမရှိပါသောကြောင့် စာမေးပွဲကြေးအား ပြန်လည် ပေးအပ်သွားမည် မဟုတ်ပါ။

JLPTစာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)






 2025-05-30
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ Meliá Yangon Hotel တွင် ကျင်းပပြုလုပ်ခဲ့သော 16th KAKE International Japanese Speech Contest ၏ အမှတ်တရ ပုံရိပ်များ
visitors :      306,875