Myanmar Association of Japan Alumni ( MAJA )

မန္တလေးစာဖြေဌာနမှ ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုမည့် သူများအတွက် စာဖြေဌာနနေရာကြေငြာခြင်း (N1 Level)


၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် JLPT စာမေးပွဲအတွက် မန္တလေးစာဖြေဌာနမှ ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုမည့်(N1 Level) စာဖြေသူ များအနေဖြင့် မိမိတို့၏ Test Voucher ပေါ်တွင်ပါသော မန္တလေးစာဖြေဌာနလိပ်စာအစား အောက်ဖော်ပြပါ ရန်ကုန်စာဖြေဌာနလိပ်စာအတိုင်း လာရောက် ဖြေဆိုကြရမည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
ယခုကြေငြာချက်နှင့်အတူကျောင်း၏ လိပ်စာ နှင့် မြေပုံအမှတ် အားတပါတည်းဖော်ပြအပ်ပါသည်။
ယခုကြေငြာချက်သည် မန္တလေးစာဖြေဌာနမှ ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုမည့်သူများအတွက် သာဖြစ်ပြီး မူလရန်ကုန်စာဖြေဌာနအတွက် လျှောက်ထားသူများ အတွက် သက်ဆိုင်မှုမရှိပါ။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
01-757 10 15 (EXT – 1)

 2025-06-17
1. (၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လျှောက်လွှာ 2. အသုံးပြုသူအချက်အလက် ပြန်လည်ပြင်ဆင်ခြင်း (တစ်ဦးချင်းလျှောက်ထားသူများ) 3. “Request Special Testing Accommodation” နှင့်ပတ်သတ်၍
visitors :      259,537