Myanmar Association of Japan Alumni ( MAJA )

၂၀၁၉ ခုနစ် ဇူလိုင်လ ၇ရက်နေ့တွင်ကျင်းပမည့် JLPT (ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ) အတွက် လျှောက်လွှာတင်ပြီး စာမေးပွဲကြေး ပေးသွင်းထားသူများအား စာမေးပွဲဖြေဆိုခွင့် ကဒ်ပြား (Test Voucher) ထုတ်ပေးခြင်းကို ၁၁.၄.၂၀၁၉ အထိ တိုးမြှင့်ဆောင် ရွက်ပေးမည် ဖြစ်ပါသည်။


၂၀၁၉ ခုနစ် ဇူလိုင်လ ၇ရက်နေ့တွင်ကျင်းပမည့် JLPT (ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ) အတွက် လျှောက်လွှာတင်ပြီး စာမေးပွဲကြေး ပေးသွင်းထားသူများအား စာမေးပွဲဖြေဆိုခွင့် ကဒ်ပြား (Test Voucher) ထုတ်ပေးခြင်းကို ၂၂.၃.၂၀၁၉ မှ ၆.၄.၂၀၁၉ အထိ ပိတ်ရက်မရှိထုတ်ပေး ခဲ့ပါသည်။ သို့သော် လာရောက်ထုတ်ယူခြင်း မရှိသော ကျောင်းသား/သူများ ကျန်ရှိနေပါသော ကြောင့် ၁၁.၄.၂၀၁၉ အထိ Test Voucher ထုတ်ပေးခြင်းကို တိုးမြှင့်ဆောင် ရွက်ပေးမည် ဖြစ်ပါသည်။

ထိုသို့ ရက်တိုးမြှင့် ထုတ်ပေးသည့်တိုင်အောင် လာရောက်ထုတ်ယူခြင်း မရှိပါက နောက်ကျကြေးအဖြစ် (၅၀၀၀ ကျပ်) ပေးသွင်းပြီး ၁၂.၄.၂၀၁၉ မှ ၆.၅.၂၀၁၉ အထိ (အစိုးရ ရုံးပိတ်ရက်မှ အပ) ရုံးချိန် အတွင်း (နံနက် ၉း၃၀ မှ ညနေ ၄း၃၀ အထိ) လာရောက် ထုတ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည် ခင်ဗျ။

*****၂၀၁၉ ခုနစ် မေလ ၆ရက်နေ့ အထိလာရောက်ထုတ်ယူခြင်း မရှိပါက စာမေးပွဲ ဖြေဆိုခွင့် ရှိမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည် ခင်ဗျ။

JLPT စာမေးပွဲကျင်းပရေး ကော်မတီ

 2019-09-07
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ Meliá Yangon Hotel တွင် ကျင်းပပြုလုပ်ခဲ့သော 16th KAKE International Japanese Speech Contest ၏ အမှတ်တရ ပုံရိပ်များ
visitors :      306,871