Myanmar Association of Japan Alumni ( MAJA )

MAJA EDUCATION CENTRE တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော သင်တန်းများ အားလုံးကို(၁၉.၃.၂၀၂၀)မှစတင်၍ ခေတ္တရပ်နားထားမည် ဖြစ်ပါကြောင်းသင်တန်းသား/သူများ နှင့် မိဘများသို့ အသိပေးအကြောင်းကြားခြင်း


MAJA EDUCATION CENTRE တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော သင်တန်းများ အားလုံးကို(၁၉.၃.၂၀၂၀)မှစတင်၍ ခေတ္တရပ်နားထားမည် ဖြစ်ပါကြောင်းသင်တန်းသား/သူများ နှင့် မိဘများသို့ အသိပေးအကြောင်းကြားခြင်း

ယခုလက်ရှိ ဖြစ်ပေါ်လျက်ရှိသော ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO မှ သတ်မှတ်ကြေညာခဲ့သည့် COVID-19 ကူးစက်ပြန့်ပွားမှုကို ကြိုတင် ကာကွယ်နိုင်ရန် MAJA EDUCATION CENTRE အနေဖြင့်လည်း နိုင်ငံတော် သမ္မတရုံး၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန စသည်တို့၏ အကြံပေး လမ်းညွှန်ချက်များ၊ ကြိုတင် ကာကွယ်မှုများကို လေးစားလိုက်နာကာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ MAJA EDUCATION CENTREတွင် သင်ကြားလျက်ရှိသော သင်တန်းများအား အောက်ပါ အစီအစဉ်အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ပါသဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

၁။MAJA EDUCATION CENTRE တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော သင်တန်းများ အားလုံးကို(၁၉.၃.၂၀၂၀)မှစတင်၍ ခေတ္တရပ်နားထားမည် ဖြစ်ပါသည်။

၂။MAJA EDUCATION CENTRE မှသင်တန်းများအား ခေတ္တပိတ်ထား သော်လည်း သင်တန်းများမှ သင်တန်းတာဝန်ခံများ၊ ဆရာ/ဆရာမများ နှင့် ဝန်ထမ်းများသည် ရုံးချိန်အတိုင်း (၉း၃၀ မှ ၄း၃၀) တနလာၤနေ့ မှ သောကြာနေ့ အထိတာဝန်ထမ်းဆောင်နေမည် ဖြစ်သောကြောင့် သင်ခန်းစာများ၊ ပညာသင်ဆုများ နှင့် ပတ်သက်၍ လာရောက်ဆွေးနွေး နိုင်ပါသည်။

၃။နိုင်ငံတော် အဆင့်လမ်းညွှန်မှုများ နှင့် အညီ သင်တန်းပြန်လည် ဖွင့်လှစ်မည့် ရက်ကိုလည်း အချိန် နှင့် တပြေးညီ အသိပေးကြေညာ သွားမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်

MAJA EDUCATION CENTRE

 2020-03-20 00:00:00
(၁၉) ကြိမ်မြောက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ (၂၀၂၄ ခုနှစ်) ဆုရရှိသူများကြေညာခြင်း
visitors :      149,990